www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 15, 2014

ပဲခူးမြို့ ရေကြီးမှု ကြိုတင်ပြင်ဆင် ခဲ့သော်လည်း ဆုံးရှုံးမှုများ ရှိခဲ့


ပဲခူး ၊ ၁၅-၈-၂၀၁၄

ပဲခူးတိုင်း ဒေသကြီး ၌ မိုးရာသီတွင် ရေကြီးမှုများ ဖြစ်ပေါ်လေ့ ရှိသည့်အတွက် တိုင်းဒေသကြီး အစိုးရသည် ရေကြီး နစ်မြှုပ်မှုမှ ကာကွယ်ရန် အတွက် ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် ပဲခူးခရိုင် အတွင်း၌ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ၂၇ ခုနှင့် တာတမံ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း ၁၃ ခုတို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ - ၂၀၁၅ ခုနှစ်တွင် ပဲခူးခရိုင် အတွင်း၌ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ၅၂ ခု ၊ ရေဘေး ကာကွယ်ရန် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း ၂ ခု ၊ ပဲခူး - စစ်တောင်း တူးမြောင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်း များကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သော နေရာများမှာ ရန်ကုန် - မန္တလေးလမ်း (ပဲခူး) ၊ ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင်လမ်း (ပဲခူး) ၊ ဘုရားကြီး - ဘောနက်ကြီး - ဇောင်းတူ - တိုက်ကြီးလမ်း (ပဲခူး) ၊ အင်းတကော် - ထုံးကြီး - က၀ - အုန်းနှဲလမ်း (ပဲခူး) ၊ ဒိုက်ဦး - စစ်တောင်းလမ်း (ဒိုက်ဦး) ၊ ရွှေကျင် ၊ ၀င်းကန်လမ်း ၊ ၀က်ပုတ် - ပုတီးကုန်း - သဲကုန်းလမ်း ၊ ဆင်တဲ အတွင်းလမ်း ၊ ပြည် - ပေါက်ခေါင်း - တောင်ငူလမ်း တို့ ဖြစ်ကြပြီး ရေကြီးခြင်း ကြောင့် လမ်းများ ၊ တံတားများ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

တံတားများ ပျက်စီးမှု အနေဖြင့် ကျောက်တံခါး မြို့နယ်၌ သစ်သားတံတား ၇ စင်း ၊ ဒိုက်ဦးမြို့နယ် ၌ ကွန်ကရစ် တံတား တစ်စင်း ၊ ပြည်မြို့၌ ကွန်ကရစ် တံတား ၂ စင်း နှင့် သစ်သား တံတား တစ်စင်း ၊ ပေါင်းတည်၌ သစ်သား တံတား ၄ စင်း၊ ပေါက်ခေါင်း၌ သစ်သား တံတား တစ်စင်း ၊ သဲကုန်း၌ သစ်သား တံတား တစ်စင်း ၊ သဲကုန်း၌ သစ်သား တံတား တစ်စင်း နှင့် နတ်တလင်း ၌ သစ်သား တံတား တစ်စင်း စုစုပေါင်း တံတား ၁၈ စင်း ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger