www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 4, 2014

အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မရှိစေရေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်းများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိ


ရန်ကုန် ၊ ၄-၈-၂၀၁၄

မြန်မာနိုင်ငံ တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါကူးစက် ဝင်ရောက်မှု မရှိစေရေး အတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ နှင့် ဆိပ်ကမ်းများ တွင် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံတို့မှ ပြန်လည် ဝင်ရောက် လာသော ခရီးသည် များကို ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းများ ပို့ချခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာန တို့တွင် ရောဂါ ကူးစက်မှု ထိန်းချုပ်ခြင်း ( Infection Control ) လုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက် နိုင်ရေး ကြီးကြပ်ခြင်း၊ ရောဂါ ဖြစ်ပွားသည့် လူနာများကို သီးခြား စောင့်ကြပ် ကြည့်ရှု ကုသမှု ပေးနိုင်ရန် ( Isolation ) အတွက် ဗဟို တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ဆေးရုံကြီး များတွင် Isolation Ward များ အသင့် ပြင်ဆင် ထားရှိခြင်း၊ နယ်စပ်ဒေသ များတွင် ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း များကို အားဖြည့် ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများ နှင့် သတင်း အချက်အလက် ဖလှယ်ခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ Ebola Virus ကူးစက်မှုသည် ထိန်းချုပ်ရန် ခက်ခဲပြီး ရောဂါပိုး ရှိသော လူနာများ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ ဖြစ်သည့် တံတွေး၊ သလိပ်၊ သွေး တို့ကို တိုက်ရိုက် ထိတွေ့ ကိုင်တွယ်မှု ကြောင့် အဓိက ကူးစက် ပြန့်ပွားခြင်း ဖြစ်ပြီး ဆားစ်၊ ကြက်ငှက် တုပ်ကွေး ရောဂါ နှင့် Pandemic ( H1N1) ၂ဝဝ၉ ၊ ကမ္ဘာ့ လူတုပ်ကွေး ကပ်ရောဂါ၊ H7N9 ၊ MERS-CoV စသည့် ကူးစက်မြန် ရောဂါများ ကဲ့သို့ လေထဲမှ ကူးစက် ပြန့်ပွားမှု မရှိကြောင်း၊ ရောဂါရှိ သူများနှင့် တိုက်ရိုက် ထိတွေ့သူများ၊ ကိုင်တွယ် ပြုစုသူများ တွင်သာ ရောဂါကူးစက် နိုင်ခြေ ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။

လွန်ခဲ့သော မတ်လအတွင်း ရောဂါကူးစက် ပြန့်ပွားနေသော အာဖရိက အနောက် လေးနိုင်ငံ ဖြစ်သော ( Guinea , Liberia , Nigeria နှင့် Sierra Leone ) တို့သို့ သွားရောက်ခဲ့ သူများ အီဘိုလာ ရောဂါ ခံစားနေရ သူများ (သို့မဟုတ်) ရောဂါဖြစ်ပွား နေသော မိသားစု နှင့် အနီးကပ် နေထိုင်ခဲ့ သူများ၊ လူနာ ပြုစုကုသ ခဲ့သူများ အနေဖြင့် အထူး ဂရုပြုရန် လိုအပ်ပြီး သံသယ ရှိဖွယ် လက္ခဏာများ ဖြစ်သော ဖျားခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာ ဖြစ်ခြင်း နှင့် လည်ပင်းနာခြင်း တို့ ရုတ်ခြည်း ခံစားရမည် ဖြစ်ပြီး အန်ခြင်း၊ အရည် ဝမ်းသွားခြင်း၊ ကျောက်ကပ် နှင့် အသည်း တို့ချို့ယွင်းခြင်း၊ အချို့လူနာ များတွင် ခန္ဓာကိုယ်တွင်း နှင့် ခန္ဓာကိုယ် ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန များတွင် ပြသ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က အကြောင်းကြားစာ ထုတ်ပြန် ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger