www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 11, 2014

မိုးရာသီအတွင်း တောင်သမန်အင်း သို့ နိုင်ငံခြား ခရီးသည်များ လာရောက်လည်ပတ်မှု ပိုမိုများပြား



ရန်ကုန် ၊ ၁၁-၈-၂၀၁၄

ပြည်တွင်း၌ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုသည် နှစ်စဉ် များပြားလျက် ရှိရာ ယခုနှစ် မိုးရာသီ ၌ပင် ခရီးသွားများ ၀င်ရောက်မှု လျော့ကျ သွားခြင်း မရှိသည့် အပြင် ရာသီဥတု အခြေအနေကြောင့် အခြား ခရီးစဉ် များထက် တောင်တမန်အင်း သို့ လည်ပတ်သော ပြည်ပ ခရီးသွား အရေအတွက် မှာ ပိုမို များပြား နေကြောင်း ခရီးသွား ၀န်ဆောင်မှု လုပ်ငန်း အေဂျင်စီ တစ်ခုမှ သိရသည်။

မြန်မာနိုင်ငံ အနှံ့အပြား ၌ မိုးရွာသွန်း နေ၍ ခရီးသွားများ အနေဖြင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ သွားရောက် လည်ပတ်မှု နည်းပါး နေသော်လည်း မန္တလေးမြို့ ရှိ တောင်တမန်အင်း နှင့် ဦးပိန်တံတား တို့မှာ အင်းရေတက်ချိန် ဖြစ်သည့် ယခုအချိန်တွင် အများဆုံး သွားရောက် လည်ပတ်လျက် ရှိကြသည်။

ပြည်ပ ခရီးသွားများ အနေဖြင့် ယခုကဲ့သို့ အင်းရေများ လျှံတက်ချိန်တွင် အင်းအတွင်း၌ ငှက် (သမ္ဗန်) များစီး၍ ညနေ ဆည်းဆာ အလှအပကို ကြည့်ရှု ခံစားပြီး ဦးပိန်တံတား အလှကိုပါ ပေါင်းစပ် တွေ့မြင်ခံစား ရခြင်းကို နှစ်သက် ကြကြောင်း သိရသည်။

ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၀င်ရောက်မှုသည် လက်ရှိ အချိန်တွင် တစ်သန်းကျော် ရှိကာ ဇန်န၀ါရီလ မှ ဇူလိုင်လ အထိ ၇ လတာ ကာလအတွင်း ခရီးသွား ဧည့်သည် ၁ ဒသမ ၆ သန်းကျော် ရှိနေပြီး ယခင်နှစ် အလားတူ ကာလထက်ပင် ခရီးသွား ဧည့်သည် ၄၀ ရာခိုင်နှုန်းကျော် တိုးမြင့် လာရောက် ကြကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက် အရ သိရှိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger