www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 18, 2014

လျှပ်စစ်မီး သုံးစွဲခွင့်စရိတ် ကြီးမား၍ ပြည်သူအချို့ မီတာ တပ်ဆင်နိုင်ခြင်း မရှိ


တန့်ယန်း ၊ ၁၈-၈-၂၀၁၄

တန့်ယန်းမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း ပြည်သူများ လျှပ်စစ်မီး ရရှိရေး အတွက် ကုန်ကျစရိတ် ကြီးမား၍ အခြေခံ လူတန်းစား အများစုမှာ မီတာတပ်ဆင် အသုံး ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

ယခင် မြန်မာ့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ တစ်ရက် နှစ်နာရီနှုန်း ပေးသော မီတာ ရှိပြီးသူများ အတွက် ငွေကုန်ကျမှု မရှိသော်လည်း ၂၄ နာရီ မီးရရှိသည့် အချိန်မှ စတင်၍ မီတာ လျှောက်၍ မီးတပ်ဆင် ရယူသူ ပြည်သူများသည် မီးသုံးစွဲခွင့် ရရှိရေး အတွက် ပထမဦးစွာ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ၌ ငွေကျပ် ၉၈ဝဝဝ ပေးသွင်းရပြီး မီတာဘုတ်ခုံ တန်ဖိုး၊ ဘုတ်ခုံ တပ်ဆင်ခ၊ မီးကြိုး ဆက်သွယ်ခ၊ မိန်းပြန်ခုံ တပ်ဆင်ခ၊ မီးပွင့်တပ် ဆင်ခ၊ အချို့အိမ် များတွင် မီးကြိုး များ တပ်ဆင်ပြီး ပါက လုံခြုံမှု ရှိကြောင်း ထောက်ခံခ ဟူ၍ ရှိသည့် အပြင် မီးကြိုးများကို ဝယ်ယူရာ၌ အဆိုပါ မီးတပ်ဆင် ပေးသူများမှ ညွှန်ကြား ထားသည့် အခြားနယ်မှ လာရောက် ဖွင့်လှစ် ရောင်းချသော လျှပ်စစ်မီးကြိုး အရောင်းဆိုင်များ တွင်သာ ဝယ်ယူကြ ရသည်က များသည်။ အဆိုပါ မီးကြိုးများမှာ ဒေသခံ လျှပ်စစ် ပစ္စည်း အရောင်းဆိုင်မှ ဈေးနှုန်းများ နှင့် ကွာခြားမှု ရှိခြင်း (ဈေးပို ပေးရခြင်း) ကြောင့် ပြည်သူများမှာ အဆိုပါ ကုန်ကျမှု အတွက် စိတ် အနှောင့်အယှက် ဖြစ်နေ ရကြောင်း သိရသည်။

မီးတိုင်၏ အနီးတွင် တည်ရှိပြီး ပေ ၃ဝ ကျော်သာ ကျယ်ဝန်းသော ဆိုင်ခန်း တစ်ခန်းကို မီတာ တပ်ဆင် သွယ်တန်းရာ၌ လျှပ်စစ်မီး သုံးစွဲခွင့် အတွက် ငွေကျပ် ၉၈ဝဝဝ၊ မီတာ ကြိုးဆွဲခမှာ ငွေကျပ် ၂၅ဝဝဝ၊ ဘုတ်ခုံ တန်ဖိုးမှာ ငွေကျပ် ၃၂ဝဝဝ၊ ဘုတ်ခုံ တပ်ဆင်ခမှာ ငွေကျပ် ၂ဝဝဝဝ၊ မိန်းပြန်ခုံ တပ်ဆင်ခမှာ ငွေကျပ် ၁ဝဝဝဝ နှင့် မီးပွင့် တပ်ဆင်ခ မှာ တစ်ပွင့်လျှင် ငွေကျပ် ၃ဝဝဝ နှုန်း ဖြင့် နှစ်ပွင့် တပ်ဆင် ရာတွင် ငွေကျပ် ၆ဝဝဝ နှုန်းနှင့် ရုံးသွင်းရန်ဟု ဆိုကာ ငွေကျပ် ၆ဝဝဝ စုစုပေါင်း မီးသွယ်တန်း ရရှိရန် အတွက် ငွေကျပ် ၁၉၇ဝဝဝ ကုန်ကျသည်။

အဆိုပါ ကုန်ကျ စရိတ်တွင် မီးကြိုးနှင့် ပစ္စည်းဖိုးများ မပါသေး ကြောင်း၊ မီးတိုင် နှင့် နီးသော နေရာ တွင် တပ်ဆင်ရာ၌ ဤမျှ ကုန်ကျ စရိတ် များလျှင် မီးတိုင်နှင့် ဝေးသော အခြား နေရာ များတွင် တပ်ဆင်ပါက ပိုမိုကုန်ကျ မည်ဖြစ်ကြောင်း ဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရသည်။

တန့်ယန်းမြို့ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ငွေရ ပြေစာတွင် ရေးသား ထားသော နှုန်းထား နှင့် ၄င်းတို့ အမှန်တကယ် ပေးဆောင် ရသော နှုန်းထားများမှာ ကွာခြားမှု ရှိနေကြောင်း ယခင် မီးကြိုးများ သွယ်တန်း ပြီးသော အိမ်သစ်တွင် မီတာ တပ်ဆင်သူ တစ်ဦးက ပြောပြသည်။

အဆိုပါ မီတာ တပ်ဆင်ခများ ဈေးနှုန်း ကြီးမြင့်မှုကြောင့် ငွေကြေး အလုံအလောက် မရှိသူများ အနေဖြင့် မီတာ တပ်ဆင် အသုံးပြုခွင့် မရရှိမည် ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။ 

ကောင်းကင်ယံ

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger