www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 15, 2014

မိဘမဲ့ကလေးငယ်များ ဘ၀ အာမခံချက် ရှိစေရန် ယူနီဆက် မှ ကူညီမည်


ရန်ကုန် ၊ ၁၅-၈-၂၀၁၄

မြန်မာနိုင်ငံတွင် မိဘမဲ့ ကလေးငယ်များ ကာကွယ် စောင့်ရှောက်ရန် ၊ ၄င်းတို့ အတွက် ဘ၀ အာမခံချက်များ ရှိလာစေရန် နှင့် မိဘမဲ့ ကလေးငယ်များ တိုးပွား လာသည့်နှုန်း လျော့နည်းသွား စေရန်အတွက် ယူနီဆက် အဖွဲ့မှ ပြည်တွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

" ကမ္ဘာတစ်ဝန်း လုံးမှာ သဘာဝဘေး အန္တရာယ် နဲ့ အကြောင်း အမျိုးမျိုးကြောင့် မိဘမဲ့ ကလေး အရေအတွက်ဟာ သိသိသာသာ တိုးပွား လာတာကို တွေ့ရပါတယ် ၊ ဒီ ကလေးသူငယ် တွေကို ပြုစု စောင့်ရှောက်တာဟာ လူသားချင်း စာနာသူတွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ် ဖြစ်သလို အဲဒီ မိဘမဲ့ ကလေးတွေ နောင် အနာဂတ်မှာ ဘ၀ အာမခံချက်တွေ ရှိအောင် ဖန်တီးပေးဖို့ ကလည်း မဖြစ်မနေ ကြိုးပမ်း လုပ်ဆောင် ပေးရမယ့် စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ မိဘမဲ့ ကလေး အရေအတွက် တိုးပွား လာတဲ့နှုန်းကို လျော့ကျ သွားအောင် လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ် ... " ဟု ယူနီဆက် မှ ဒေသတွင်း အမှုဆောင် အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ အလားတူ လုပ်ငန်းစဉ်များ ကို စီမံချက်များ ချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက် ရာတွင် မိဘမဲ့ ဂေဟာများ၏ လုပ်ထုံး လုပ်နည်း များကို ပြန်လည် သုံးသပ်ခြင်း ၊ ဂေဟာများကို အဆင့် သတ်မှတ်ခြင်း ၊ ဆင်းရဲသော မိသားစု များကို ကူညီ ထောက်ပံ့ခြင်း နှင့် မိဘမဲ့ ကလေးငယ် များအား ပြုစု ပျိုးထောင်ရန် ပိုမို ကောင်းမွန်သော နည်းလမ်းများ အကောင် အထည်ဖော်ခြင်း စသည်တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင်လည်း ကလေး သူငယ်များကို ပိုမို ပြည့်စုံသော အခွင့်အရေး များဖြင့် ကာကွယ် စောင့်ရှောက် မှုများ ပေးနိုင်စေရန် ကလေးသူငယ် ဥပဒေကို ယူနီဆက် ၏ အကူအညီ ဖြင့် ပြင်ဆင် ရေးဆွဲနေကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger