www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 8, 2014

မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ


ပူနားကို ကျေးရွာအနီးမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် 
အသုံးပြုသည့် ပစ္စည်းများအား တွေ့ရစဉ်


မိုင်းဆတ် ၊ ၈-၈-၂၀၁၄

မိုင်းဆတ်မြို့နယ် ၊ မိုင်းတွမ်း ကျေးရွာအုပ်စု ၊ ပူနားကို ကျေးရွာအနီး တောအုပ်အတွင်း သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် အမည်းရောင် အ၀ိုင်းပုံ ဆေးပြား ၁၀ ပြားပါ အထုပ် ၂၀ ထုပ် ၊ ဆေးပြား ပုံစံလောင်းခွက် ၂ လုံး ၊ WY စာလုံး တံဆိပ် ရိုက်နှိပ်သည့် သံတုံး ၉ တုံး ၊ မြွေရေခွံအိတ် ဖြင့် ထည့်ထားသော အမျိုးအမည် မသိ အဖြူရောင် အမှုန့်အိတ် တစ်ဝက်ခန့် ၊ ကြိုး ၂ ချောင်းပါ သုံးဆင့်ရှိ ဖန်အိုးငယ် တစ်ခု ၊ ကွန်ပရက်ဆာစက် ၂ လုံး ၊ ဆန်ခါ ကတော့အကြီး ၃ ခု ၊ အလေးတုံး ၁၂ လုံးပါ သေတ္တာငယ် တစ်ခု ၊ အချင်း ၂ ပေ ၊ အမြင့် ၃ ပေခန့်ရှိ ပုံးခွံ ၂ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိ ပစ္စည်းများအား မိုင်းတွမ်း ရဲစခန်းသို့ စနစ်တကျ အပ်နှံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger