www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 18, 2014

ပြည်ပမှအလှကုန် ပစ္စည်းများ အန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးနိုင်မှု မရှိသဖြင့် တရားဝင်တင်သွင်းသည့် အလှကုန်ပစ္စည်း များကိုသာ အဓိကသုံးစွဲသင့်


ရန်ကုန် ၊ ၁၈-၇-၂၀၁၄

ပြည်တွင်း ဈေးကွက်အတွင်း ရောင်းချ နေသည့် ပြည်ပ အလှကုန် ပစ္စည်းများကို အန္တရာယ် ကင်းရှင်းကြောင်း စစ်ဆေးနိုင်မှု မရှိသဖြင့် အလှကုန် သုံးစွဲသူများ အနေဖြင့် တရားဝင် တင်သွင်း ထားသည့် အလှကုန် များကိုသာ အဓိကထား ဝယ်ယူ သုံးစွဲသင့်ကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ဝန်ထမ်း အင်အား နည်းပါးခြင်း ကြောင့် နိုင်ငံတစ်ဝန်း အလှကုန် ဈေးကွက် အတွင်း ရောင်းချ နေသည့် အလှကုန် ပစ္စည်း အားလုံးကို သုံးစွဲရန် သင့်၊မသင့် စစ်ဆေးနိုင်ခြင်း မရှိသေး ကြောင်းလည်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( FDA ) မှအဆိုပါ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတစ်ဝန်း အလှကုန် ပစ္စည်း တံဆိပ်မျိုးစုံကို အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့က အဓိက တင်သွင်း ရောင်းချနေပြီး ပြည်တွင်း ထုတ်လုပ်မှုမှာ နည်းပါးကြောင်း သိရသည်။ ပြည်ပမှ သွင်းကုန် လိုင်စင်ဖြင့် တင်သွင်း လာသော်လည်း အဆိုပါ အလှကုန် ပစ္စည်းများ ကို FDA အနေဖြင့် စစ်ဆေး အဖြေပေးရန် မဖြစ်နိုင် သေးကြောင်း သိရသည်။

လတ်တလော တွင် FDA အနေဖြင့် အသားဖြူ စေသည်ဟု ကြော်ငြာကာ ရောင်းချ နေသည့် အလှကုန် များကို အဓိက စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဖေ့စ်ဘွတ် လူမှုကွန်ရက် ၌ အလှကုန် ပစ္စည်း ကြော်ငြာ စာမျက်နှာ အများအပြား ရှိနေပြီး အဆိုပါ အလှကုန် ပစ္စည်းများသည် FDA ခွင့်ပြုချက်ဖြင့် တရားဝင် တင်သွင်းလာခြင်း ဟုတ် - မဟုတ် နှင့် ၄င်းပစ္စည်းများ အနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ - မရှိ ရှင်းရှင်းလင်းလင်း မသိရှိ ရသေးကြောင်း အလှကုန် ပစ္စည်းဈေးကွက်မှ သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger