www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 13, 2014

လက်နက်ခဲယမ်းများ နှင့် ဂိမ်းစက်များ ဖမ်းဆီးရမိ


ဘားအံ ၊ ၁၃-၇-၂၀၁၄

ကရင်ပြည်နယ် ၊ မြ၀တီမြို့ ၊ သင်္ဃန်းညီနောင် တိုးချဲ့ ကွက်သစ် ၊ အာရှလမ်းဘေး ရှိ ဦးတရုတ် ခ(ခ) ဖိုးတုတ် ၏ ခြံဝင်း အတွင်း၌ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီခန့်က သင်္ဃန်း ညီနောင် နယ်မြေ ရဲစခန်းမှ ဒုတိယ ရဲအုပ် သက်တင် ဦးစီးအဖွဲ့ ၊ နယ်ခြေခံ တပ်ရင်း ၊ တပ်ဖွဲ့ဝင်များ ၊ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးလှထွန်း နှင့် အဖွဲ့ဝင် များက သက်သေများ နှင့်အတူ ၀င်ရောက် ရှာဖွေခဲ့ရာ စောအယ်လိုး (ခ) စောထူး ၃၃ နှစ် (ဘ) ဦးစောတာ ပလာထူး အား လက်နက်ခဲယမ်း များ တရားမ၀င်  ကိုင်ဆောင်၍ လောင်းကစား ပြုလုပ် နေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးစဉ် စောအယ်လိုး (ခ) စောထူး ထံမှ အေကေ - ၄၇ မောင်းပြန် ရိုင်ဖယ် တစ်လက် (နံပါတ်မပါ) ၊ ကျည်ကတ် တစ်ခု ၊ ၄င်းကျည် အတောင့် ၂၀ နှင့် လောင်းကစား ပြုလုပ်နေသော ဂိမ်းစက် ၁၂ လုံး တို့ကို ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စောအယ်လိုး (ခ) စောထူး ကို သင်္ဃန်းညီနောင် နယ်မြေ ရဲစခန်း က အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄၀၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger