www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 28, 2014

၂၀၁၄ ခုနှစ်အတွက် ပထမပြန်စာမေးပွဲ အောင်စာရင်းများ ထွက်ရှိ


နေပြည်တော် ၊ ၂၈-၆-၂၀၁၄

သာသနာရေး ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာန က ၂ဝ၁၄ ခုနှစ် အတွက် ကျင်းပ ပြီးစီးခဲ့သော ပထမပြန် စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ နှင့် လူပုဂ္ဂိုလ်များ ဝင်ရောက် ဖြေဆို ခဲ့ကြရာ ပထမကြီးတန်း တွင် ၁၂၇၁ ပါး၊ ပထမလတ်တန်း တွင် ၂၁၃၃ ပါး၊ ပထမငယ်တန်း တွင် ၃၄၂၅ ပါး အောင်မြင် ခဲ့ကြောင်း သိရသည်။

ထိုသို့ အောင်မြင်ခဲ့ ကြသော သံဃာတော်များ နှင့် သာသနာ့ နွယ်ဝင် သီလရှင်များ အနက် အထူးအောင် ပုဂ္ဂိုလ်များမှာ ပထမကြီးတန်း တွင် ခုံအမှတ်- စက/၁၁၉ အရှင် ကဝိနန္ဒာ လင်္ကာရ မြစကြာကျောင်းတိုက် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက ပထမ (ပထမကျော်ဘွဲ့ရ)၊ ခုံအမှတ်- မဟမ/၄၈ အရှင် သောပါက ဓမ္မဝိနယရံ သီကျောင်း မစိုးရိမ် တိုက်သစ် မဟာအောင်မြေ မြို့နယ် မန္တလေးတိုင်း ဒေသကြီး က ဒုတိယ၊ ခုံအမှတ် -စိန်/၁၉ အရှင် ဝိလာသာ ဇညာ လင်္ကာရ ရွာမပရိယတ္တိစာသင် တိုက် အင်းစိန်မြို့ ရန်ကုန်တိုင်း ဒေသကြီးက တတိယ နှင့် ခုံအမှတ် -အမဇ/၂၄ဝ မနန္ဒထေရီ ဓမ္မဝိဟာရီ သီလရှင် စာသင်တိုက် အောင်မြေသာစံ မြို့နယ် မန္တလေးတိုင်း ဒေသကြီးက သီလရှင် ပထမတို့ ဖြစ်သည်။ ထို့ပြင် ပထမလတ်တန်း တွင် ခုံအမှတ် -မဟမ/ ၂၃၄ ဦးဝါယာမာ လင်္ကာရ စည်ရှင်ကျောင်း မဟာ ဝိသုဒ္ဓါရုံ တိုက်သစ် မဟာအောင်မြေ မြို့ မန္တလေးတိုင်း ဒေသကြီးက ပထမ၊ ခုံအမှတ် -မဟမ/၁ဝ ရှင်ပဝရ ဓမ္မဂါရဝ ကျောင်း မစိုးရိမ် တိုက်သစ် မဟာအောင်မြေမြို့ မန္တလေးတိုင်း ဒေသကြီးက ဒုတိယ၊ ခုံအမှတ် -စက/ ၁၂၅ ဦးပညာ သာမီ လင်္ကာရ မြစကြာ ကျောင်းတိုက် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက တတိယ နှင့် ခုံအမှတ်- မြစ်/၅၆ မကမလဉဏီ သမိဒ္ဓေါဒယ သီလရှင်ကျောင်း မြစ်ကြီးနားမြို့ ကချင်ပြည်နယ် က သီလရှင် ပထမတို့ ဖြစ်သည်။

အလားတူ ပထမငယ်တန်း တွင် ခုံအမှတ်- မုံ/၂၁၄ အရှင် ဣန္ဒကိတ္တိ အုတ်ကန်တောရ စာသင်တိုက် မုံရွာမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက ပထမ၊ ခုံအမှတ်- တက/ ၃ဝ၇ ရှင်ခေမာစာရ သိမ်တောင် ပရိယတ္တိ စာသင်တိုက် တောင်ကြီးမြို့ ရှမ်းပြည်နယ် က ဒုတိယ၊ ခုံအမှတ်ကွေး/ ၂၆ ဦးဆန္ဒာဓိက ရတနာသိဒ္ဓိကျောင်း မကွေးမြို့ မကွေးတိုင်းဒေသကြီးက တတိယနှင့် ခုံအမှတ်- စက/ ၇၅၂ မသုမန စာရီ သကျဓီတာချောင် စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်း ဒေသကြီးက သီလရှင် ပထမ တို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ပထမပြန် စာမေးပွဲ အောင်စာရင်းများ ကို တိုင်းဒေသကြီး / ပြည်နယ် သံဃနာယက အဖွဲ့များ၌ လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ် သာသနာ ရေးမှူးရုံး များ၌ လည်းကောင်း၊ သက်ဆိုင်ရာ စာဖြေဌာန ရှိ မြို့နယ် သံဃနာယက အဖွဲ့ရုံးများနှင့် မြို့နယ် သာသနာ ရေးမှူးရုံး များ၌ လည်းကောင်း ကြည့်ရှုနိုင် ပါကြောင်း သာသနာရေး ဦးစီးဌာနမှ သိရှိရသည်။

ရှင်းသန့်ထွန်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger