www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 5, 2014

ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့က မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့အား တွဲဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်


ရန်ကုန် ၊ ၅-၅-၂၀၁၄

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့ ကို ကမ္ဘာ့အမျိုးသမီး ကင်းထောက် အဖွဲ့တွင် တွဲဖက် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ်ပြု သွားရန် ကမ္ဘာ့ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်က စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအား ကမ္ဘာ့ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ် သို့ ပြန်လည် ၀င်ရောက်ရန် အဆိုပါ အဖွဲ့ချုပ်မှ တာဝန်ရှိ သူများက မြန်မာနိုင်ငံ သို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက် ခဲ့ကြကာ ယင်းကဲ့သို့ လာရောက် လေ့လာမှုများ ပြုလုပ်ပြီး နောက်ပိုင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် အာရှ - ပစိဖိတ်ဒေသ ညီလာခံ တွင် မြန်မာနိုင်ငံ အား The Country moving toward membership ကို ပေးအပ် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုလည်း ကမ္ဘာ့ အမျိုးသား ကင်းထောက် အဖွဲ့က ချိတ်ဆက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလက မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ကာ ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင် နိုင်ငံဖြစ်ရေး အတွက် လိုအပ်သည့် အကူအညီများ ပေးရေးကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် အနေဖြင့် မျိုးဆက်သစ် လူငယ်များအား ကင်းထောက် လုပ်ငန်းနှင့် ဆက်စပ်သော ရေကြောင်း ကင်းထောက် ၊ လေကြောင်း ကင်းထောက် နယ်ပယ် အသီးသီးတွင် ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားနိုင်ရေး ကို ဆောင်ရွက် ပေးသွားမည်ဟု လည်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်းထောက် အဖွဲ့ကို ၁၉၂၀ ပြည့်နှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ် ကတည်းက စတင် ဖွဲ့စည်း ခဲ့ကြောင်းလည်း သိရသည်။ ၁၉၆၂ ခုနှစ်က ကင်းထောက် အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့ကာ အင်အား အနေဖြင့် ၂၀၀၀ ကျော်ခန့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger