www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 8, 2014

သတိပြုသင့်သည့် မိုးကြိုကာလ မုန်တိုင်းအန္တရာယ်



သတိပြုသင့်သည့် မိုးကြိုကာလ မုန်တိုင်းအန္တရာယ်

ဝန်းရံခ

ဧပြီလ နှင့် မေလ ကာလများသည် မိုးကြိုကာလ ဖြစ်သည်။ ယင်း မိုးကြိုကာလတွင် အပူချိန် မြင့်တက်ခြင်း ၊ မိုးရွာသွန်းခြင်း ၊ မိုးရွာသွန်း ပါက လေပြင်း တိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း များနှင့် မိုးကြိုးပစ်ခြင်း များ ဖြစ်ပေါ်နိုင်သည်။

အဆိုပါ အပူချိန် မြင့်ခြင်း ၊ မိုးကြီးခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လေပြင်းတိုက်ခြင်း နှင့် မုန်တိုင်းဖြစ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များအတွက် အများပြည်သူတို့ အနေဖြင့် မိုးလေ၀သ သတင်းကို စိတ်ဝင်တစား အချိန်ပေး၍ ဖတ်မှတ် သတိပြု နားထောင်သင့်သည်။ မြန်မာနိုင်ငံ အတွက် အန္တရာယ် မရှိနိုင်သော မုန်တိုင်း ဖြစ်ပါက " မုန်တိုင်းသတင်း " ဟုသာ အမည်တပ် ကြေညာပြီး မြန်မာနိုင်ငံ အတွက် အန္တရာယ် ရှိသော မုန်တိုင်းများ ဖြစ်မှသာ " မုန်တိုင်း သတိပေးချက် " ဟု အမည်တပ် ထုတ်ပြန်လေ့ ရှိသည်ကို သိရှိ ထားရမည် ဖြစ်သည်။ မုန်တိုင်း အဖြစ်များသော ကာလများမှာ မိုးကြိုကာလ ဧပြီလ နှင့် မေလ ဖြစ်ပြီး မိုးနှောင်းကာလ မှာ အောက်တိုဘာလ နှင့် နိုဝင်ဘာလ တို့ ဖြစ်သည်။

မုန်တိုင်း ဆိုသည်မှာ လေဖိအား နည်းသော အလယ်ဗဟို သို့ လေများ အရှိန်နှင့် လှည့်ပတ် တိုးဝင်လာပြီး ရွေ့လျားနေသော လေစီးကြောင်း သို့မဟုတ် လေ၀ဲအကြီးစား ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ မုန်တိုင်း အခေါ်အဝေါ် မှာ တစ်နာရီ လေတိုက်နှုန်း ၃၂ မိုင်မှ ၃၈ မိုင်အထိ ရှိပါက လေထန် ၊ တစ်နာရီ ၃၉ မိုင်မှ ၄၆ မိုင်အထိ ရှိပါက လေပြင်း ၊ တစ်နာရီ ၄၇ မိုင်မှ ၅၄ မိုင်အထိ ရှိပါက လေထန်ပြင်း ၊ တစ်နာရီ ၅၅ မိုင်မှ ၆၃ မိုင်အထိ ရှိပါက လေပြင်းကြမ်း ၊ တစ်နာရီ ၆၄ မိုင်မှ ၇၅ မိုင်အထိ ရှိပါက မုန်တိုင်း ဟု ခေါ်ကြပြီး တစ်နာရီ ၇၅ မိုင်နှင့် အထက် တိုက်ခတ်ခြင်း ကို ဆိုင်ကလုန်း မုန်တိုင်း ဟု ခေါ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်များက ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကြောင့် ဧရာဝတီတိုင်း ဒေသကြီး မှ ၁၀ မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး မှ ၃ မြို့နယ် တို့တွင် ဆိုးရွားစွာ ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူနေအိမ်ခြေ အလုံး ၈ သိန်း ပျက်စီးခဲ့သည်။ ထို့အပ်ြင လူပေါင်း ၈၄၅၃၇ ဦး သေဆုံးပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးကာ ၁၉၃၅၉ ဦး ဒဏ်ရာ ရရျိခဲ့သည်။ ကျွဲ ၊ နွား ၁၅၅၂၄၅ ကောင် သေဆုံးခဲ့ပြီး လယ်မြေ ၇၂၇၉၈ ဧက ရေငန် ဖုံးလွှမ်း သွားခဲ့ရသည့် အတွက် ငွေကျပ် ၁၁ ဒသမ ၇ ထရီလီယံ ဆုံးရှုံး ခဲ့ရသည်။  ဤ နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ရှိ ပြည်သူ ပြည်သားများ သာမက တစ်ကမ္ဘာလုံး မှာပင် တုန်လှုပ် ချောက်ချား ခဲ့ရသည်။ နာဂစ်ဖြစ်ပြီး မကြာမီ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွား ခဲ့သော ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မကွေးတိုင်း ဒေသကြီး မှ ၅ မြို့နယ် ၊ ရခိုင်ပြည်နယ် မှ ၆ မြို့နယ် တို့တွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် အလုံး ၁၆၀ ပျက်စီး ခဲ့သည်။ ယင်း ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၅ ဦး ၊ ပျောက်ဆုံးသူ ၁၃ ဦးရှိကာ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် သုည ဒသမ ၀၂၄ ထရီလီယံ ဖြစ်ကြောင်း သိရသည်။

မုန်တိုင်း များကို အရောင် ၅ မျိုးဖြင့် သတ်မှတ် ထားကြောင်း သိရသ်ည။ အ၀ါရောင်သည် ဘင်္ဂလား ပင်လယ်အော် တွင် ဖြစ်ပေါ် နေသည်။ လိမ္မော်ရောင် သည် မြန်မာ့ ကမ်းရိုးတန်း သို့ ၁၂ နာရီအကြာတွင် ရောက်လာမည် ဖြစ်ပြီး အန္တရာယ် ရှိနိုင်သည်။ အညိုရောင် သည် အန္တရာယ် ကျရောက်ပြီး မုန်တိုင်းဒဏ် ခံစား နေရသည်။ အစိမ်းရောင် သည် မုန်တိုင်း ဖြတ်ကျော် သွားပြီး ဖြစ်သည်။ မုန်တိုင်း ဖြစ်လေ့ ရှိသည့် မိုးကြို ကာလများ ဖြစ်သော ဧပြီလ နှင့် မေလ အတွင်းတွင် မုန်တိုင်း အန္တရာယ် ကို ပိုမို သတိပြု သင့်ကြောင်း အသိပေး ရေးသား လိုက်ရပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger