www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 12, 2014

ကန္ဒာရဝတီ သစ်တောဥယျာဉ် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ




လွိုင်ကော် ၊ ၁၂-၅-၂ဝ၁၄

ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား(ခ) ရပ်ကွက်တွင် ကန္ဒာရဝတီ သစ်တောဥယျာဉ် အသစ်  ပြန်လည် တည်ဆောက်လျက် ရှိပြီး ဒေသခံ ပြည်သူများ ၊ ဘုရားဖူး ဧည့်သည်များနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်သဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကန္ဒာရဝတီ သစ်တောဥယျာဉ် သည် မြေဧရိယာ (၄ ဒဿမ ၆၅ ) ကျယ်ဝန်းပြီး ရေဧရိယာ   ( ၂၂ ဒဿမ ၅၃ ) ကျယ်ဝန်းကာ ယခင်က ခြောက်သွေ့ ပျက်စီးလျက် ရှိသော်လည်း ယခုအခါ မြို့အင်္ဂါရပ် နှင့် အညီ သန့်ရှင်း သာယာလှပ စေရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြည်သူများ အပန်းဖြေ နိုင်ရန် နောင်ယားကန် နှင့် ကန္ဒာရဝတီ သစ်တောဥယျာဉ် တွင် ကယားပြည်နယ် ၏ အထင်ကရ နေရာများ ဖြစ်သော ကန္ဒာရဝတီမြို့ ပုံစံငယ် နှင့် အတူ တောင်ကွဲစေတီ၊ ကျက်ဂူမြို့နာမ် စေတီ ၊ ထီးပွင့်ကန် ၊  ငွေတောင်ဆည် ၊ လောပိတ ရေအားလျှပ်စစ် ၊ ကယားရိုးရာအိမ် စသည့် ပုံစံငယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန များအလိုက် တည်ဆောက်လျက် ရှိကာ နောင်ယားကန် ၏ နံဘေးတွင်လည်း စကိတ် အားကစားကွင်း တည်ဆောက် ထားရှိပြီး နှစ်စဉ် ကျင်းပလျက် ရှိသော အင်းသား ရိုးရာ လှေလှော်ပြိုင်ပွဲ များဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger