www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 1, 2014

အပူဒဏ်အန္တရာယ် ကျန်းမာရေးအသိဖြင့် သတိထားကာကွယ်


အပူဒဏ်အန္တရာယ် ကျန်းမာရေးအသိဖြင့် သတိထားကာကွယ်

ယနေ့ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ အသီးသီး တို့၌ ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် လည်းကောင်း ၊ လူတို့၏ ပယောဂ ကြောင့် လည်းကောင်း ဖြစ်ပေါ် လာရသည့် သဘာဝ ဘေးအန္တရာယ် များဖြစ်သော မိုးခေါင်ခြင်း ၊ မိုးကြီးခြင်း ၊ မုန်တိုင်း တိုက်ခတ်ခြင်း ၊ အပူလှိုင်း ကျရောက်ခြင်း စသည့် စိန်ခေါ်မှုများ ကြုံတွေ့ နေကြရသည်။

ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ လုပ်ငန်းစဉ် များကို နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ကမ္ဘာ့ နိုင်ငံတို့က အလေးထား ဦးစားပေး ဆောင်ရွက်လျက် ရှိသည့်နည်းတူ ရာသီဥတု ပူပြင်းမှု ဒဏ်ကြောင့် တွေ့ကြုံ ရနိုင်သည့် ကျန်းမာရေး ဆိုင်ရာ ဂရုပြု သင့်သည့် အချက်များ နှင့် စပ်လျဉ်းပြီး သိရှိ လိုက်နာ ကျင့်ကြံ ဆောင်ရွက် သင့်သည်တို့ကို သိရှိ ထားရမည် ဖြစ်ပေသည်။

ရာသီဥတု ပူပြင်းမှု ဒဏ်ကြောင့် လူတိုင်း၏ ခန္ဓာကိုယ် အသီးသီးတွင် ချွေးထွက်မှု လွန်ကဲကာ မိတ် နှင့် ယားဖုများ ထွက်ခြင်း ၊ ခန္ဓာကိုယ် အနေဖြင့် အလိုလို ပင်ပန်း နွမ်းနယ်မှု ခံစားရခြင်း ၊ မူးမော်ခြင်း ၊ ကြွက်တက်ခြင်း ၊ သတိလစ်ခြင်း စသည့် ဆိုးရွားသည့် အဆင့်များသို့ ရောက်ရှိလျက် အသက် အန္တရာယ် ကိုပါ ထိခိုက် စိုးရိမ်ရသည့် အခြေအနေ သို့ ရောက်ရှိ နိုင်ပေသည်။

နွေရာသီ၌ ချဉ် ၊ ငန် ၊ စပ် စသော အပူစာများကို များစွာ စားသုံးခြင်း မှ ဂရုပြု ရှောင်ကြဉ် ကြရန် လိုသည်။ ၄င်းတို့ကို စားသုံးမိပါက အပူလွန်ကဲပြီး ၀မ်းလျှောခြင်း ၊ ချွေးထွက်လွန် ၍ အင်အား ကုန်ခန်းခြင်း များ ဖြစ်တတ်သည်။ ထို့ကြောင့် ပူအိုက်သော နွေရာသီ တွင် အပူစာများကို လွန်ကဲစွာ စားသောက်ခြင်း နှင့် အအေးစာ များကိုလည်း လွန်ကဲစွာ စားသောက်ခြင်း မှ ရှောင်ကြဉ်သင့် ပေသည်။

ရာသီဥတု နှင့်အညီ အစားအစာ များကို စားသောက် ကြရမည်ဖြစ်ရာ နံနက်ပိုင်း ၊ ညနေပိုင်း ၊ ညပိုင်း အပူလျော့ချိန် များတွင် ကော်ဖီနွေးနွေး ၊ လက်ဖက်ရည် နွေးနွေး ၊ စွပ်ပြုတ် ၊ သာကူနွေးနွေး ၊ နို့နွေးနွေး ၊ ရေနွေးကြမ်း ၊ ဟင်းချို ၊ ဟင်းခါး နွေးနွေး တို့ကို စားသောက်ရန် နှင့် နေ့လည်ပိုင်း ပူသော အချိန်တွင် ဖရဲသီး ၊ သခွားမွှေးသီး ၊ စိမ်းစားဥ ၊ ရေခဲ မပါသော သင်္ဘောသီး ဖျော်ရည် တို့ကို အနည်းငယ် မျှသာ စားသောက် သင့်ပေသည်။

ပူသော ဥတုတွင် ရေခဲကို အထူး ရှောင်ကြဉ်သင့် ပေသည်။ ရေအေးအေး သောက်လို ပါက သောက်ရေကို သဲအိုး ၊ ရေတကောင်း တို့တွင် ထည့်၍ သောက်သင့်သည်။ ရေခဲရေသည် ၀မ်းမီးကို ထိခိုက်စေသည်။ ထို့ကြောင့် ရေသောက် သုံးရာတွင်လည်း ၀မ်းမီးမျှတ မှုကို မထိခိုက်စေရန် ဂရုပြု ရမည် ဖြစ်ပေသည်။

ရေချိုးခြင်း နှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန ၏ နှိုးဆော်ချက် များပါ အတိုင်း လိုက်နာ ဆောင်ရွက်ရန် ဖြစ်ပြီး အထူးဂရုပြု ဆင်ခြင် ရမည် ဖြစ်ပေသည်။ ရေမချိုးမီ ရေကို ၀အောင်သောက်၍ ခြေမျက်စိ အောက်မှစ၍ ခြေသလုံး အထက်ပိုင်း သို့ တဖြည်းဖြည်း ရေလောင်းချိုး ပေးရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် ပူပြင်းသော နွေရာသီ ၏ အပူဒဏ်ကို ခံနိုင်ရန် ရှိစေရန် နှင့် နွေရာသီ တွင် ဖြစ်ပေါ် တတ်သော သဘာဝ ဘေးအန္တရာယ်များ ၊ ကျန်းမာရေး ဆိုင်ရာ ဂရုပြု သင့်သည်များကို အသိတရား ဖြင့် သတိထားကာ ကြိုတင် ကာကွယ် ထားရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger