www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 26, 2014

Miss Grand International 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲ ပြုလုပ်မည်


ယမန်နှစ် Miss Grand International 2013 ပြိုင်ပွဲတွင်
 မြန်မာနိုင်ငံ ကိုယ်စားပြု ထားထက်ထက် ကို နိုင်ငံ ရိုးရာဝတ်စုံနှင့် တွေ့ရစဉ်

ရန်ကုန် ၊ ၂၆-၃-၂၀၁၄

ဒုတိယ အကြိမ်မြောက် Miss Grand International 2014 ကမ္ဘာ့အလှမယ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၌ စက်တင်ဘာ ဒုတိယပတ်၌ စတင် ကျင်းပ သွားမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို လာမည့် မေလတွင် ကျင်းပမည့် အလှမယ် ပြိုင်ပွဲ Miss Golden Lann Myanmar 2014 ပြိုင်ပွဲတွင် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းပြိုင်ပွဲတွင် Miss Grand Myanmar 2014 ရွေးချယ်မှု အပါအ၀င် Miss Supranational 2014 နှင့် Miss Interconitinental 2014 ကမ္ဘာ့အလှမယ် ပြိုင်ပွဲများ၌ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် များကို တစ်ပွဲတည်းတွင် ရွေးချယ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Miss Grand International 2014 သရဖူဆုရှင် သည် ထိုင်းဘတ်ငွေ နှစ်သန်းတန် သရဖူ ၊ တစ်နှစ်တာ ကွန်ဒိုတိုက်ခန်း နှင့် တစ်နှစ်တာ လစာများ အပြင် Sponsor ကုမ္ပဏီများ မှ ချီးမြှင့်မည့် ဆုများ ၊ အခြား အခွင့်အရေး များစွာ ရရှိမည် ဖြစ်ပြီး Stop the War Campaign နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများ အတွက် နိုင်ငံတကာ သို့ လည်ပတ်ကာ တစ်နှစ်တာ တာဝန် ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။

Miss Grand International 2014 ပြိုင်ပွဲ၏ Final Night ကို Thai Sport Authority ပိုင် Indoor Stadium Huamark ၌ ကြီးကျယ် ခမ်းနားစွာ ကျင်းပ သွားမည် ဖြစ်ပြီး ထိုင်ခုံ တစ်သောင်းခွဲဆံ့ သည့် ယင်း အားကစား ခန်းမကြီးမှာ ၁၉၆၆ ခုနှစ် ၅ ကြိမ်မြောက် အာရှ အားကစား ပွဲတော်ကြီး ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အားကစား ပွဲတော်များကို နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရသည်။

ပထမအကြိမ် Miss Grand International 2013 ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၇၁ နိုင်ငံမှ နိုင်ငံ ကိုယ်စားပြု အလှမယ် ၇၁ ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး ယခုနှစ် ပြိုင်ပွဲတွင် နိုင်ငံပေါင်း တစ်ရာကျော် မှ နိုင်ငံ ကိုယ်စားပြု အလှမယ်များ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

Miss Grand International 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ Miss Grand Myanmar 2013 ထားထက်ထက် က ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး Top 10 အကောင်းဆုံး နိုင်ငံ့ရိုးရာ ၀တ်စုံဆု ၊ Miss Popular Vote ဆုနှင့် T Pageant's People's Choice ဆုများ ရရှိခဲ့ပြီး ဖိုင်နယ် ပွဲကြီးတွင် နောက်ဆုံး အဆင့် ဆန်ခါတင် လက်ရွေးစင် ၂၀ စာရင်းအထိ ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မေလတွင် ကျင်းပမည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီး အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဧပြီ ၁၀ ရက် နောက်ဆုံးထားကာ Miss Golden Land Myanmar ရုံးတည်ရှိ၇ာ တိုက်အမှတ် (၂၀) ၊ မြေညီထပ် ၊ ဟင်္သာလမ်း ၊ စမ်းချောင်း မြို့နယ် ၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် ဖြစ်စေ ၊ စာတိုက်မှ ဖြစ်စေ ပေးပို့ လျှောက်ထား ရမည် ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိ လိုပါက ဖုန်း ၀၉- ၃၁၂၅ ၂၀၀၁ ၊ ၀၉- ၄၄၄ ၀၁၂ ၃၉၀ နှင့် ၀၉- ၄၃၀၂ ၆၁၅၈ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။ (၄၅၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger