www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 17, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဥရောပသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်မှု စတင်


ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား 
သင်တန်း ပို့ချပေးနေသည်ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၇-၃-၂၀၁၄

ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင် အထည်ဖော် နိုင်ရေးနှင့် အဓိကရုဏ်းများ စနစ်တကျ ထိန်းသိမ်း နိုင်ရေး အတွက် ဥရောပ သမဂ္ဂ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြား ပူးပေါင်း ဆောင်ရွက်မှုများ စတင် နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ သိရသည်။

ဥရောပ သမဂ္ဂ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် အဖြစ် ပြည်သူ ပါဝင်သည့် ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်း ကို ရန်ကုန်မြို့ တွင် မတ်လဆန်း ပိုင်းက စတင် ဖွင့်လှစ် ခဲ့ပြီး ယင်း သင်တန်းတွင် ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်ခန်းစာ များကို ဥရောပ သမဂ္ဂ အဖွဲ့မှ စတင် ပို့ချလျက် ရှိပြီ ဖြစ်ကြောင်း လည်း သိရသည်။ ယင်းအပြင် လူမျိုးရေး ၊ ဘာသာရေး စသည့် အဓိကရုဏ်း များ ဖြစ်ပေါ် လာပါက စနစ်တကျ ထိန်းသိမ်း နိုင်ရေး အတွက် ရဲတပ်ရင်း များသို့ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်း ကို ဥရောပ သမဂ္ဂ အဖွဲ့မှ မတ်လ နောက်ဆုံးပတ် ခန့်တွင် ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ အရည်အချင်း မြှင့်တင် ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ ဖွင့်လှစ်သော သင်တန်းများ ၊ တပ်မတော် က ဖွင့်လှစ်သော သင်တန်းများ နှင့် တိုင်းဒေသကြီး အစီအစဉ် ဖြင့် ဖွင့်လှစ်သော သင်တန်းများ သို့ နှစ်စဉ် စေလွှတ်ကာ တက်ရောက် စေပြီး တရား ဥပဒေ စိုးမိုးရေး လုပ်ငန်း များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် နိုင်ငံတကာ အဖွဲ့အစည်း များပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးရုံး လက်အောက် ပုသိမ်ကြီး မြို့နယ် အတွင်းရှိ ရွှေစာရံ ကျေးရွာ ရဲတပ်ရင်း အမှတ်(၄) တွင် မတ်လ ၂၄ ရက်မှ စတင်ကာ အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချ သင်ကြား ပေးမည် ဖြစ်ကြောင်း လည်း သိရသည်။

ဥရောပ သမဂ္ဂ၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံ မြို့နယ် ၊ လေ့ကျင့်ရေး ကွင်း အမှတ်(၈) ၌ ရဲတပ်ရင်း မှ ရဲတပ်ဖွဲ့ ၀င်များကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ (၄၄၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger