www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 30, 2014

ပြည်ပပညာရှင်များ ပါဝင်သော မြေငလျင်လေ့လာမှု ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ပတ်ဝန်းကျင်တွင် လုပ်ဆောင်မည်


ရန်ကုန် ၊ ၃၀-၁-၂၀၁၄

ပြည်ပမှ ပညာရှင်များ နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် ရှိ မာန်အောင်ကျွန်း ပတ်ဝန်းကျင်တွင် မြေငလျင် ဆိုင်ရာ ကွင်းဆင်း လေ့လာမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကွင်းဆင်း လေ့လာမှုသည် မာန်အောင်ကျွန်း နေရာအနီးတွင် အိန္ဒိယ ပြတ်ရွေ့ကြော နှင့် မြန်မာနိုင်ငံ ပြတ်ရွေ့ကြော မြေဆီလွှာ နှစ်ထပ် ထိတွေ့သော နေရာတစ်ခု ရှိကြောင်း ၊ ၂ဝ၁၃ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော အင်ဒိုနီးရှား နိုင်ငံ မြေငလျင်ကြော နှင့် ဆက်စပ်မှု ရှိနေကြောင်း ၊ ယင်းဖြစ်ပွား ချိန်တွင် မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်း ကိုလည်း ရိုက်ခတ်မှု ရှိခဲ့ပြီး မာန်အောင်ကျွန်း ၊ ရမ်းဗြဲကျွန်း များတွင် ရေအောက် မီးတောင်များ ပေါက်ကွဲခြင်း ၊ ရွှံ့မီးတောင်များ ဖြစ်ပေါ်မှု အခြေအနေများ ရှိခဲ့ကြောင်း သိရသည်။

'' တခြားကျွန်း တွေမှာလဲ လေ့လာမှုပြု လုပ်ပြီးပါပြီ ၊ ကျန်ရှိနေတဲ့ ဆက်စပ်ကျွန်း တွေမှာ လေ့လာဖို့ လုပ်နေတာပါ။ ကြိုတင် ခန့်မှန်းနိုင်မှု နဲ့ ပြင်ဆင်မှုတွေ အဓိက လုပ်ဆောင် နိုင်အောင်ပါ။ ဒါကိုလဲ ပြည်ပပညာရှင် တွေနဲ့ ပူးပေါင်း လုပ်ပါမယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယင်း ကွင်းဆင်း လေ့လာမှု အဖွဲ့တွင် စင်ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ တက္ကသိုလ်မြေ ကမ္ဘာ့ လေ့လာရေး ဌာနမှ ပညာရှင်များ ၊ အမေရိကန် နှင့် ထိုင်ဝမ်တို့မှ ပညာရှင်များ အပါအဝင် ပြည်ပ ပညာရှင် ခြောက်ဦး ၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ၊ မိုးလေဝသဌာန နှင့် တက္ကသိုလ် တစ်ခုမှ ပညာရှင် အပါအဝင် လေးဦး စုစုပေါင်း ပညာရှင် ၁ဝ ဦး ပူးပေါင်း ကွင်းဆင်း လေ့လာမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသ၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ရမ်းဗြဲကျွန်း ကမ်းခြေ ၊ ၂ဝ၁၁ ခုနှစ်တွင် ရမ်းဗြဲကျွန်း နှင့် မာန်အောင်ကျွန်း ကမ်းခြေ ၊ ၂ဝ၁၂ ခုနှစ်တွင် ရမ်းဗြဲကျွန်း အနီးရှိ နေရာများ ၊ ၂ဝ၁၃ ခုနှစ်တွင် ရမ်းဗြဲကျွန်း အနီးရှိ ကျွန်းများနှင့် ရွှံ့မီးတောင် များကို လေ့လာပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger