www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 15, 2014

၁၉၈ နှစ် သက်တမ်းရှိ ပေစာ



၁၉၈ နှစ် သက်တမ်းရှိ ပေစာ

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့ အမှတ်(၇) ရန်ကင်း ရပ်ကွက်နေ ဦးထွန်းကြည် မှ ထိန်းသိမ်း ထားသော ၄င်းတို့၏ ဘိုးဘွားများ လက်ထက် ကဟု ယူဆရသော အလျား ၃၈ လက်မ ၊ ဗျက် တစ်လက်မ ခန့်ရှိ ပေ
ရွက်ပေါ်တွင် လွန်ခဲ့သော ၁၉၈ နှစ် က ရေးသား ချုပ်ဆို ခဲ့သော မြေယာစာချုပ် တစ်ခုကို တွေ့မြင်ခဲ့ ရသည်။

အဆိုပါ ပေရွက်ကို ခွေထားပြီး အပြင်နှင့် အတွင်း မျက်နှာ နှစ်ဖက်တွင် စာများ ရေးသား ထားသည်ကို တွေ့မြင် ရသည်။ ပေရွက်၏ အပြင်ဘက်တွင် ရေးသားထား သည်မှာ '' မောင်ကြာငုံ ၊ ဘုရားတကာ ဦးကြောင် ၊ မောင်စံယွန် ၊ မောင်တလုတ် ၊ မောင်စီ သက္ကရာဇ် စာစီ သမ္တံဘိုရွာ နေ စစ်ကဲတော် မင်းမောင်လိတ် ၊ ငွေချိမ် ရွှေဘဝါ ၊ တော်ဘောံ ၊ လူပြိုတော် မောင်ပြာ စာရေးရွှေ ''ဟု ရေးသား ထားပြီး အတွင်းဖက် မျက်နှာတွင် '' သက္ကရာဇ် ၁၁၇၇ ခု ပြာသိုလပြည့် ကျော် ၁၄ ရက်နေ့တွင် ညောင်စောံနေ အလယ်စချီ မြေတိုင်း မောင်နှော သ္မီးခင်ပွန်း က ကျွနုပ်တို့ ပိုင်သည့် ညောင်စောံရွာ တောင်ဖီညမ်း ကုက္ကိုပင် အရှေ့ ဆင်စလယ် ၊ မြောက်လယ် သမီသားဥကမ် ကို အဘိုးငွေ ရွံနိမှာံ နှင့် ဝယ်ပါး မောင်းချမ်းအောင် သ္မီးခင်ပွန်း ကို အဘိုးပေး၍ အရှိ အပိုင် ဝယ်ပါဆိုလျှင် မောင်နှော သ္မီးခင်ပွန်း ဆိုချက် အတိုင်း ရေရွပ် သက္ကရာဇ် ဝင်လယ်ကို အဘိုးငွေ ရွံနိမှာံ ဘပေး၍ ဝယ်သည်။ ကာလ ပြတ်ဆို သိကြားသူ ညောင်စောံရွာ အစီရင် '' ဟု ရေးသား ထားပါသည်။

အဆိုပါ စာချုပ်တွင် ငွေကြေး အသုံးအနှုန်းမှာ စာရေးသူ လက်လှမ်း မမီသော အသုံးအနှုန်း ဖြစ်ပြီး ယခုအခါ ပေရွက် အလိပ်မှာ နှစ်ကာလ ရှည်ကြာ လာသည်နှင့် အမျှ အနည်းငယ်မျှ ကျိုးနေပြီး ကာလတန်ဖိုး မြင့်မားသည်နှင့် အမျှ ယဉ်ကျေးမှု ဝန်ကြီးဌာန သက်ဆိုင်ရာ ဦးစီးဌာနမှ ဆက်လက် ထိန်းသိမ်း လက်ခံမည် ဆိုလျှင် လှူရန် အသင့်ရှိကြောင်း ဦးထွန်း ပြောပြ၍ သိရှိရသည်။ 

ဖေထွဏ်းဇော်(ရေစကြို)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger