www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 14, 2014

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး


တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ 
တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့များက
ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု အားပေးစဉ်

ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ 
တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့က
ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၄-၁-၂၀၁၄

သွားလာမှု ခက်ခဲသော ဧရာဝတီတိုင်း ဒေသကြီး ၊ ညောင်တုန်း မြို့နယ် ၊ ကုက္ကိုဝ ကျေးရွာအုပ်စု ရှိ ကုက္ကိုဝ ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၆၈၉ ဦး ၊ အသေးစား ခွဲစိတ်လူနာ ၅ ဦး နှင့် မျက်စိ ခွဲစိတ်လူနာ ၁၁ ဦးတို့အား တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် ( ရွှေပုဇွန် ) မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ယမန်နေ့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး က သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး ကုက္ကိုဝ ကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင် များနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေ များ ပေးအပ်ပြီး အခြေခံ မူလတန်းလွန် ကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူ ၂၈၃ ဦးအတွက် ကျောင်းသုံး ဗလာစာအုပ် ၂၁၆ ဒါဇင် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger