www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 19, 2013

တရုတ်နိုင်ငံတွင် H10N8 ကြက် ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရမှုကြောင့် ပထမဆုံးအကြိမ် အဖြစ် အဘွားအိုတစ်ဦး သေဆုံး


ပေကျင်း ၊ ၁၉-၁၂-၂၀၁၃

တရုတ်နိုင်ငံ တွင် H10N8 ကြက် ငှက်တုပ်ကွေး ရောဂါပိုး ကူးစက် ခံရမှုကြောင့် ပထမဆုံး အကြိမ်အဖြစ် အသက် ၇၃ နှစ်အရွယ် အဘွားအို တစ်ဦး သေဆုံး ခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင် များက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုး ကူးစက်မှု သည် နိုင်ငံ အရှေ့ တောင်ပိုင်းရှိ ကျန်းရှီး ပြည်နယ် နန်ချန်းမြို့ တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ယင်း ဗိုင်းရပ်စ်ပိုး သည် လူသားများ ထံသို့ ကူးစက် ပျံ့နှံ့မည့် အန္တရာယ် နည်းပါးသည် ဟု ယူဆထားသည့် H10N8 ကြက် ငှက် တုပ်ကွေး ရောဂါပိုး ဖြစ်ကြောင်း ကျွမ်းကျင်သူ များက လေ့လာ တွေ့ရှိခဲ့သည်။ ယင်း ရောဂါပိုး တွေ့ရှိမှု နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး( WHO ) က ယခု လောလောဆယ် တွင် အသေးစိတ် ဖော်ပြ ထားခြင်း မရှိသော်လည်း နောက်ပိုင်းတွင် ဖော်ပြ သွားမည်ဟု အဆိုပါ အဖွဲ့ကြီးမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ယမန်နေ့ တွင် ပြောကြား ခဲ့သည်။

အဆိုပါ အဘွားအိုသည် နိုဝင်ဘာလ နှောင်းပိုင်းတွင် ရောဂါပိုး ကူးစက် ခံရပြီးနောက် ဆေးရုံသို့ တက်ရောက် ကုသခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်က အသက်ရှူ ကျပ်ခြင်းနှင့် တုန်လှုပ် ချောက်ချား ခြင်းတို့ ခံစား ခဲ့ရပြီး နောက် သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း ၊ သူမသည် ယခင်က ကြက် ၊ ငှက်အရှင်များ ရောင်းချသည့် ဈေးသို့ သွားရောက် လည်ပတ်ဖူး ကြောင်း နှင့် ယင်းသို့ လည်ပတ် ခဲ့ရာမှ ရောဂါပိုး ကူးစက် ခံခဲ့ရဖွယ် ရှိသည်ဟု ပညာရှင် များ၏ ပြောကြားချက် ကို ကိုးကား ၍ ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။

ယခုအခါ တရုတ် အာဏာပိုင် များသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပထမဆုံးသော လူသေဆုံးမှု နှင့် စပ်လျဉ်း၍ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger