www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 20, 2013

မြန်မာနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား CEBU PACIFIC လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်



ရန်ကုန် ၊ ၂၀-၁၂-၂၀၁၃

ဖိလစ်ပိုင်နိုင်ငံ မှ နိုင်ငံတကာ သို့ ပျံသန်း ပြေးဆွဲ နေသော CEBU PACIFIC လေကြောင်းလိုင်း သည် လာမည့် ၂ဝ၁၄ ခုနှစ်တွင် လေကြောင်း ခရီးစဉ် အသစ်အဖြစ် မြန်မာနိုင်ငံ သို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မကြာသေး မီက မြန်မာနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား တွင် သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ခရီးသွား ကြသူများကို ဗီဇာ ကင်းလွတ်ခွင့် ပြုရေး သဘော တူညီချက် လက်မှတ် ရေးထိုးပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ လေကြောင်း ခရီးစဉ် အသစ်ကို ပျံသန်း ပြေးဆွဲရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ဆွေးနွေးမှု များပြုလုပ် ပြီးနောက် လာမည့် နှစ်ဆန်းပိုင်း တွင် စတင် ပျံသန်း ပြေးဆွဲ နိုင်စေရန်  ရည်မှန်း ထားကြောင်း CEBU PACIFIC  လေကြောင်းလိုင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ လေကြောင်း ခရီးစဉ် အသစ် ပြေးဆွဲခြင်း ဖြင့် မြန်မာနိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့ အကြား ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးမြင့်လာ နိုင်သည့် အပြင် မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း နှင့် စီးပွားရေး လုပ်ငန်းများ ကိုလည်း အထောက်အပံ့ များ ရရှိလာနိုင် မည်ဟု ယုံကြည် ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

အလားတူ ဖိလစ်ပိုင် နိုင်ငံပိုင် လေကြောင်းလိုင်း သည်လည်း မြန်မာနိုင်ငံ သို့ ပုံမှန် လေကြောင်း ခရီးစဉ် ပျံသန်း ပြေးဆွဲရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ အဆိုပါ ဖိလစ်ပိုင်နိုင်ငံ မှ လေကြောင်း လိုင်းများ သည် မြန်မာနိုင်ငံ သို့ ပုံမှန်ပျံသန်း ပြေးဆွဲရန် လွန်ခဲ့သော ခြောက်နှစ်ခန့် ကတည်းက စီစဉ် ဆောင်ရွက် ခဲ့ဖူးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အစီအစဉ် ဖျက်သိမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger