www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 17, 2013

စတုတ္ထအကြိမ်မြောက် မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်းများ ပြပွဲကျင်းပမည်


ရန်ကုန် ၊ ၁၆-၁၂-၂၀၁၃

မြန်မာနိုင်ငံ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်း ( MYEA ) မှ ကြီးမှူး၍ စတုတ္ထ အကြိမ်မြောက် မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၅ နာရီအထိ ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမတွင် ပြခန်းပေါင်း ၁၀၀ ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ပြည်တွင်းရှိ ၀န်ထမ်း ကောင်းများ ရရှိရန် အခက်အခဲ ရှိနေသေည့် လူငယ်များ တစ်နေရာ တည်းတွင် တိုက်ရိုက် တွေ့ဆုံရန် အလုပ် ရှာဖွေ နေကြသည့် လူငယ် လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမို ရရျိစေရန် နှင့် အလုပ်အကိုင် ရှာဖွေ နေသည့် လူငယ် လူရွယ်များ အတွက် အချိန်ကုန် ငွေကုန် သက်သာစွာဖြင့် တစ်နေရာ တည်းတွင် အလုပ်ရှင်များ ၊ ကုမ္ပဏီများ နှင့် တိုက်ရိုက် တွေ့ဆုံကာ အင်တာဗျူးများ ပြုလုပ်နိုင်ရန် စသည့် ရည်ရွယ်ချက် ဖြင့် ပြုလုပ် ခြင်း ဖြစ်သည်။

ယခင် ပြပွဲများ ကဲ့သို့ ကုမ္ပဏီ ကြီးများ ၀င်ရောက် ပြသ၍ CV ဖောင်များ လက်ခံခြင်း ၊ အင်တာဗျူးများ ပြုလုပ်ခြင်း နှင့် အလုပ်ခန့် အပ်ခြင်းများ ပြုလုပ် သွားမည်ဟု သိရသည်။ ထို့အပြင် ပြပွဲရက်များ အတွင်း စီးပွားရေး နယ်ပယ် အတွင်း လူသိ ထင်ရှား အောင်မြင် ကျော်ကြား နေသည့် စီးပွားရေး လုပ်ငန်းရှင် ကြီးများမှ လူငယ်များ အတွက် အလုပ်အကိုင် နှင့် ပတ်သက်၍ အကြံပေး ဆွေးနွေးခြင်း ၊ လူ့စွမ်းအား အရင်းအမြစ် နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ်များကို ရှင်းလင်း ပညာပေး ခြင်းများကို ပြုလုပ် ပေးမည် ဖြစ်သည်။

ပြပွဲရက်များ အတွက် ပါဝင် ကူညီလိုသည့် လုပ်အားပေး လိုသည့် လူငယ်များကို ခေါ်ယူလျက် ရှိသည်ဟု သိရပြီး လုပ်အားပေး လိုသူများ အနေဖြင့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင် အသင်းသို့ ပြပွဲရက် မတိုင်မီ ဆက်သွယ် ရမည် ဖြစ်သည်။ လုပ်အားပေး လူငယ်များအား ပြပွဲ ပြီးပါက ပါဝင် ကူညီသည့် လက်မှတ် ထုတ်ပေးမည် ဖြစ်ပြီး နောက်ပိုင်း အသင်းမှ လှုပ်ရှားမှု များတွင်လည်း ခေါ်ယူ သွားမည်ဟု သိရသည်။

အဆိုပါ ပြပွဲသို့ ပါဝင် ပြသလိုသည့် ကုမ္ပဏီများ အနေဖြင့် ပြခန်း တစ်ခန်းလဆင် ကျပ်သုံးသိန်း ငါးသောင်း (သို့မဟုတ်) သုံးသိန်း တို့ဖြင့် ပြပွဲ ခင်းကျင်း ပြသရေး ကော်မတီ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း ဖုန်း ၀၉- ၅၄၁ ၂၃၃၁ ၊ ၀၁- ၂၃၀ ၁၅၇၃ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။
(အင်တာနက်)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger