www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 12, 2013

တရားမဝင် ဘိန်းစိုက်ပျိုးမှု မြေပြင်စာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၁၂-၁၂-၂ဝ၁၃

၂ဝ၁၃ ခုနှစ် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တရားမဝင် ဘိန်းစိုက်ပျိုးမှု မြေပြင် စာရင်းကောက် ယူရေး ဆိုင်ရာ သင်တန်းကို ကျိုင်းတုံ မူးယစ် တပ်ဖွဲ့စု ၊ အမှတ် ၂၈ နှင့် UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး တို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့  ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးရုံး မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေ ၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယ ရဲမှူးကြီး ကျော်ထွန်း နှင့် ပြည်နယ် / ခရိုင်/ မြို့နယ် ဌာန ဆိုင်ရာများမှ တာဝန်ရှိ သူများ ၊ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး မှ တာဝန်ရှိ သူများ ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များမှ သင်တန်းသား ၃ဝ ဦးတို့ တက်ရောက် ခဲ့ကြသည်။

အစီအစဉ် အရ ဒုတိယ ရဲမှူးကြီး ကျော်ထွန်း က အဖွင့် အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေ နှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲမှူး စိုးတင့် တို့က အမှာ စကားများ ပြောကြား ခဲ့ပြီး UNODC မှ ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း က မှတ်တမ်းနှင့် ပတ်သက်သည် များကို ရှင်းလင်း တင်ပြခဲ့ပြီး သင်တန်းတွင် ပို့ချသွားမည့် လူမှုရေး စီးပွားရေး ဆိုင်ရာ ၊ ဘိန်းခင်း တိုင်းတာရေး အချက်အလက် ၊ မြို့နယ် ဆိုင်ရာ အချက်အလက် များကို သင်ကြား ပို့ချ သွားမည် ဖြစ်သည်။

အဆိုပါ သင်တန်းအား ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်နေ့ အထိ ကျိုင်းတုံမြို့ ၊ မူးယစ် တပ်ဖွဲ့စု ၊ အမှတ် ၂၈ ရုံး တွင် သင်တန်း ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger