www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 3, 2013

လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၃-၁၂-၂၀၁၃

နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း က တာချီလိတ် မြို့နယ်ရှိ လုံခြုံရေး အဖွဲ့များသည် သတင်းအရ ၀မ်ပုံကျေးရွာ အနီး လယ်ကွင်းဘေး ၀ါးရုံပင် အောက်ခြေ၌ တူးဖော် ရှာဖွေရာ မြေအနက် ၁ ပေခန့်တွင် အစိမ်းရောင် မိုးကာစ ပတ်ထားသော အမြင့် ၃ ပေခန့်ရှိ ပလတ်စတစ် ပုံးအား တွေ့ရှိခဲ့ပြီး အဆိုပါ ပလတ်စတစ် ပုံးအတွင်း မှ မြွေရေခွံအိတ် ဖြင့် ထုပ်ပိုးထားသော အေကေ ၄၇ သေနတ် တစ်လက် ၊ ၄င်းကျည်အိမ် တစ်ခု ၊ အမ် ၁၆ သေနတ် တစ်လက် ၊ ၄င်းကျည်အိမ် တစ်ခု ၊ ကျည် ၂၀ တောင့် ၊ အာရ်ပီဂျီ ဒုံးသီး ၁၂ လုံး ၊ ပို့ကျည် ၁၂ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။ (၁၀၀)




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger