www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 3, 2013

ထိုင်းဝန်ကြီးချုပ် နှင့် ဆန္ဒပြခေါင်းဆောင် သဘောတူညီမှု မရ အကြမ်းဖက်မှုများ ပို၍ ဆိုးရွားလာ


၁၂ မိနစ်ကြာ ရုပ်သံသတင်းအစီအစဉ် တစ်ခုတွင် တွေ့ရသည့်
ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ

ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင်ဆူဘန် (ယာအစွန်လူ)

ဘန်ကောက် ၊ ၃-၁၂-၂၀၁၃

ထိုင်းဝန်ကြီးချုပ် ရှင်လပ် ရှင်နာဝပ် ထရာ က အကြမ်းဖက် ဆန္ဒပြမှုများ ပြီးဆုံးရန် အစစ အရာရာ လိုက်လျောမည် ဆိုသော်လည်း ရွေးကောက် တင်မြှောက် ထားခြင်း မရှိသော ကောင်စီကို အာဏာ လွှဲပြောင်းရန် မှာမူ ဖွဲ့စည်းပုံ အခြေခ ဥပဒေနှင့် မကိုက်ညီ သည့်အတွက် သဘောတူ နိုင်မည် မဟုတ်ကြောင်း ယမန်နေ့ တွင် နိုင်ငံပိုင် ရုပ်မြင်သံကြား မှ တစ်ဆင့် ပြောကြား ခဲ့ကြောင်း သိရသည်။

ရင်လပ် ၏ ပြောကြားချက် ကြောင့် အကြမ်းဖက် ဆန္ဒပြမှု ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေသော ထိုင်းနိုင်ငံ ၏ အနာဂတ် အရေးေ၀၀ါး နေသေးကြောင်း ပေါ်လွင် သွားသည်။

ရင်လပ် နှင့် ဒီဇင်ဘာ ၁ ရက်တွင် တွေ့ဆုံခွင့် ရရှိခဲ့သော ဆန္ဒပြ ခေါင်းဆောင် ဆူသက် သောင် ဆူဘန် က ရင်လပ် နုတ်ထွက်ခြင်း ၊ ရွေးကောက်ပွဲ အသစ် ကျင်းပခြင်း တို့ဖြင့် မိမိ ကျေနပ်မည် မဟုတ်ကြောင်း ၊ ရွေးကောက်ပွဲ ဖြင့် ရွေးချယ်ခြင်း မဟုတ်ဘဲ လူထုက ရွေးချယ် တင်မြှောက်သော ကောင်စီ ကသာလျှင် ၀န်ကြီးချုပ် အသစ်ကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ရာ ၄င်း၏ တောင်းဆိုမှု မှာ ဒီမိုကရေစီ နည်းလမ်း မကျကြောင်း ဝေဖန်မှု အမြောက်အမြား ထွက်ပေါ် ခဲ့သည်။

" ကျွန်တို့ ဆူသက် ရဲ့ တောင်းဆိုမှုကို ဘယ်လို ဆောင်ရွက်ပေး ရမလဲ ဆိုတဲ့ နည်းလမ်းကို ရှာမတွေ့ပါဘူး ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ မပါတဲ့ တောင်းဆိုမှု တွေ ဖြစ်နေ ပါတယ် .... " ဟု ရင်လပ် က ၁၂ မိနစ်ကြာ ရုပ်သံ သတင်း အစီအစဉ် တစ်ခုတွင် ပြောကြား ခဲ့သည်။

ရင်လပ် မိန့်ခွန်း ပြောကြား နေစဉ် လမ်းမပေါ် အကြမ်းဖက် မှုများ ပိုမို ဆိုးရွားလာပြီး ဆန္ဒပြသူ များက အမှိုက်သိမ်းကား ၊ ဘူဒိုဇာ များဖြင့် အစိုးရ အိမ်တော် ခြံဝင်း နှင့် အခြား အဓိက ကျသော ရုံးများကို ဖျက်ဆီးရန် ကြိုးပမ်း ခဲ့သည်။

ရဲတပ်ဖွဲ့ ကလည်း မျက်ရည်ယို ဗုံးများ ၊ ရေအမြောက် များ ၊ ရော်ဘာ ကျည်ဆန် များဖြင့် လူစုခွဲရန် ကြိုးပမ်း ခဲ့ရာ ဆန္ဒပြသူ များကလည်း လက်လုပ် လောင်ချာများ ၊ လက်ပစ်ဗုံးများ ဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ရင်လပ် အစိုးရ ကို ဖြုတ်ချရန် ကြိုးပမ်းသည် အကြမ်းဖက် ဆန္ဒပြမှု က အရှေ့တောင် အာရှ ၏ အခိုင်မာ ဆုံးသော စီးပွားရေး နိုင်ငံ တစ်နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု ကို ကာလ အတန်ကြာ သည်အထိ ပျက်စီး စေလိမ့်မည် ဟု အရှေ့တောင် အာရှ နိုင်ငံများက စိုးရိမ် မကင်း ဖြစ်နေကြသည်။

လွန်ခဲ့သည့် သုံးရက်အတွင်း ဆန္ဒပြသူ များထဲမှ အနည်းဆုံး ၃ ဦးသေဆုံး ကာ ၂၀၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဆန္ဒပြသူ လူဦးရေ တစ်သိန်းခန့် ရှိကာ အခြေအနေ ကို ထိန်းချုပ်၍ မရနိုင် သေးကြောင်း AP သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger