www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 13, 2013

သီပေါမင်း နှင့် စုဖုရားလတ် တို့၏ ၀တ်ရုံတော် ကို ထိန်းသိမ်းမည့် ဂျပန်ပညာရှင် များက ပြတိုက် ၀န်ထမ်းများကိုလည်း ပညာသင်ကြား ပေးမည်


သီပေါမင်း နှင့် စုဖုရားလတ် တို့၏ နန်းတွင်းဝတ် မဟာလတာ ၀တ်ရုံထည်

ရန်ကုန် ၊ ၁၃-၁၁-၂၀၁၃

သီပေါမင်း နှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော်ကို ထိန်းသိမ်းရန် ရောက်ရှိ နေသော ဂျပန်ပညာရှင် များက ပြတိုက် ဝန်ထမ်းများကို ပညာ သင်ကြား ပေးမည် ဖြစ်ကြောင်း အမျိုးသား ပြတိုက်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ ဂျပန် ပညာရှင်သည် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ နည်းပညာ များကို အမျိုးသား ပြတိုက်ရှိ ဝန်ထမ်းများအား ၄င်းရောက်ရှိ နေချိန်အတွင်း သင်ကြား ပေးမည် ဖြစ်သည်။ Mr. Mitsuei Horisawa သည် ဂျပန်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှု ဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဖြစ်ပြီး သီပေါမင်း နှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ကို ထိန်းသိမ်းရန် နိုဝင်ဘာ ၇ ရက်တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာကြောင်း သိရသည်။

'' ကုန်ကျစရိတ် ဘယ်လောက်ရှိ မယ်ဆိုတာ မသိနိုင် သေးဘူး ၊ လက်ရှိမှာ သူလည်း ရောက်ခါစ အချိန် ဖြစ်တာကြောင့် လေ့လာ နေတုန်းပဲ ရှိပါသေးတယ် ၊ ဝန်ထမ်းတွေပါ ဘယ်လို ထိန်းသိမ်း ရမယ်ဆိုတာ သင်တန်း ပေးသွားမယ် လို့ပြောတယ် " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယင်းသို့ ထိန်းသိမ်းမှု ဆောင်ရွက် ခြင်းသည် ဂျပန်အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အထက်ပါ ဝတ်ရုံတော် နှစ်ခုတွင် အော်ဂဲနစ် ပစ္စည်းများ ၊ အင်အော်ဂဲနစ်များ ရောနှော နေသည့် အတွက် ထိန်းသိမ်းရာမှာ အခက်အခဲ များရှိကြောင်း ၊ ထိန်းသိမ်း ပြုပြင်ခြင်းများ လုပ်ဆောင် ရာတွင် ခန့်မှန်းခြေ ခြောက်လခန့် ကြာမြင့် နိုင်ကြောင်း သိရသည်။


သီပေါမင်း နှင့် စုဖုရားလတ် တို့ ၏ ဝတ်ရုံတော်သည် သက်တမ်း အားဖြင့် နှစ် ၁ဝဝ ကျော်ရှိနေပြီး တခြားသော သမိုင်းဝင် ပစ္စည်းများ ကိုလည်း ထိန်းသိမ်းခြင်း ဆိုင်ရာများ ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒ ရှိနေကြောင်း လည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger