www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 13, 2013

နွေစပါးစိုက်ပျိုးရန် အထူးအထွက်တိုး ပုလဲသွယ် စပ်မျိုးစပါးများ ထောက်ပံ့ ပေးအပ်


တာချီလိတ် ၊ ၁၃-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်၊ တာလေ မြို့နယ်ခွဲ ၊ နားယောင်း ကျေးရွာ အုပ်စု ၊ တာကျန့် ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ရေကြီး နစ်မြုပ်ပြီး လယ်ပျက်စီး ခဲ့သော တောင်သူ များအား နွေစပါး စိုက်ပျိုးရန် အတွက် အထူး အထွက်တိုး ပုလဲသွယ် စပ်မျိုးစပါး များ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား သို့ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ စိုက်ပျိုးရေး ဦးစီးဌာန မှ ပြည်နယ် ဒုတိယ ဦးစီးမှူး ဦးဇော်မြင့် ၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ၊ ရပ်မိ/ ရပ်ဖများ နှင့် ဒေသခံ တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တာလေ မြို့နယ်ခွဲရှိ ကျေးရွာ အုပ်စုအချို့ မှ မိုးစပါး စိုက်ဧက ၂၂၅ ဧကခန့် နစ်မြုပ်ခဲ့ပြီး ၅ဝ ရာခိုင်နှုန်း ခန့် ပျက်စီး ဆုံးရှုံး ခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် ကျပ် သိန်းပေါင်း ၄၅၃ ဒသမ ၆ သိန်းခန့် နစ်နာ ဆုံးရှုံး ခဲ့ရသည်။ နိုင်ငံတော်မှ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲမှု လျော့ချရေး တို့ကို ရည်ရွယ်ပြီး တောင်သူများ အား ယခုနှစ် နွေစပါး စိုက်ပျိုးရာတွင် အဆင်ပြေ စေရန်နှင့် တစ်ဧက အထွက်နှုန်း တိုးတက် စေရန်အတွက် အထူး အထွက်တိုး ပုလဲသွယ် စပ်မျိုးစပါးကို တောင်သူ များအား ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ကျိုင်းတုံခရိုင်တွင် သဘာဝ ဘေးအန္တရာယ် ကြောင့် ထိခိုက် ပျက်စီး ခဲ့သော ၁၅၇ ဧက နှင့် မိုင်းဖြတ် ခရိုင်တွင် ဧက ၁ဝဝ အတွက် ပုလဲသွယ် စပ်မျိုးစပါး များ ထောက်ပံ့ ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ပြုပြင် ပြောင်းလဲ စိုက်ပျိုးရမည့် သီးနှံ ပုံစံများ ပြောင်းလဲ ရေးဆွဲလျက် ရှိရာ ပုလဲသွယ် စပါးမျိုး ကဲ့သို့ အထွက်ကောင်း သက်တမ်းတို စပါးကို ပြောင်းလဲ စိုက်ပျိုးရန် နှင့် ပုလဲသွယ် စပါးသည် တစ်ဧက အထွက်နှုန်း တင်း ၁၅ဝ အထက် ထွက်ရှိနိုင်ပြီး ဒေသခံ တောင်သူ များ၏ အခက်အခဲ များကို တစ်ဖက် တစ်လမ်းမှ ကူညီ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ၊ သိပံ္ပနည်းကျ စိုက်ပျိုးနည်း စနစ် ၁၄ ချက်ကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း များက ကျေးရွာအုပ်စု အလိုက် တောင်သူ ပညာပေးပွဲ များနှင့် လက်တွေ့ သရုပ်ပြပွဲများ ဆောင်ရွက်လျက် ရှိကြောင်း ၊ နွေစပါး စိုက်ပျိုးရန် အောင်ရေ မလုံလောက်သည့် နေရာတွင် ဆောင်းသီးနှံများ ဖြစ်သည့် အစေ့ထုတ်ပြောင်း ၊ မြေပဲ ၊ ပဲပုတ် နှင့် ဟင်းသီး ဟင်းရွက် များကို တိုးချဲ့ စိုက်ပျိုး သွားကြရန် လိုအပ်ကြောင်း ၊ တောင်သူများ ယခုကဲ့သို့ ဆုံးရှုံးခြင်း အားဖြင့် မိသားစု ဝင်ငွေ လျော့နည်း ရုံသာမက နိုင်ငံတော် ဝင်ငွေလည်း ဆုံးရှုံးခဲ့ ရကြောင်း ၊ သို့ဖြစ်၍ ဒေသခံ တောင်သူများ ကိုယ်တိုင် ယခုကဲ့သို့ နစ်နာ ဆုံးရှုံးမှု မဖြစ်ရ လေအောင် သတိထား ဆောင်ရွက်ကြပြီး နွေစပါးနှင့် ဆောင်းသီးနှံ များကို တိုးချဲ့ စိုက်ပျိုး ခြင်းဖြင့် တောင်သူများ ၏ဘဝ အဆင့်အတန်း မြင့်မား လာအောင် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် ရေကြီး နစ်မြုပ် ထိခိုက် ပျက်စီးခဲ့သော တောင်သူများ အား စိုက်ပျိုးရေး ဦးစီးဌာန ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ ဒေသ ပြည်နယ် ဒုတိယ ဦးစီးမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့က တောင်သူ ကိုယ်စားလှယ် များကို နွေစပါး စိုက်ပျိုးရန် ပုလဲသွယ် စပ်မျိုး အထွက်ကောင်း စပါး တစ်ဧကလျှင် ရှစ်ကီလို နှုန်းဖြင့် ဧက ၁၂ဝ အတွက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger