www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 20, 2013

လျှို့ဝှက် ထောက်လှမ်းခြင်း နှင့် စပ်လျဉ်း၍ တောင်းပန်ရန် အင်ဒိုအစိုးရ၏ တောင်းဆိုချက် ကို သြစတြေးလျ ၀န်ကြီးချုပ် ငြင်းဆို


မဲလ်ဘုန်း ၊ ၂၀-၁၁-၂၀၁၃

အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်းဘန်ယူ ဒိုယိုနို အပေါ် လျှို့ဝှက် ထောက်လှမ်းခြင်း များ အပါအဝင် ယင်း နိုင်ငံအတွင်း ထောက်လှမ်းမှု များကို လုပ်ဆောင် ခဲ့ခြင်းကြောင့် ပြန်လည် တောင်းပန်ရန် တောင်ဆို ထားသည့် အင်ဒိုနီးရှား အစိုးရ၏ တောင်းဆို ချက်ကို သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ က ယမန်နေ့ တွင် ငြင်းဆို ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံ အပေါ် လျှို့ဝှက် ထောက်လှမ်း ခြင်းသည် နှစ်နိုင်ငံ အကြားရှိ သံတမန် ဆက်ဆံရေး ကို ထိခိုက် စေနိုင် သော်လည်း သြစတြေးလျ အစိုးရ အနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ကာကွယ် နိုင်ရေး အတွက် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သောကြောင့် တောင်းပန်ရန် မလိုအပ်ကြောင်း အက်ဘော့ က ပါလီမန် အတွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ ထောက်လှမ်းမှု များသည် လုပ်သင့် လုပ်ထိုက်သည့် လုပ်ဆောင်ချက် များဖြစ်ပြီး အခြား အစိုးရအဖွဲ့ များက ၄င်းတို့၏ နိုင်ငံကို ကာကွယ် နိုင်ရန်အတွက် လုပ်ဆောင် သည့် လျှို့ဝှက် ထောက်လှမ်းမှု များနှင့် စပ်လျဉ်း၍ တောင်းပန် ပြောဆိုရန် မိမိ အနေဖြင့် မျှော်လင့် ထားခြင်း မရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

သြစတြေးလျ ထောက်လှမ်းရေး အေဂျင်စီ သည် အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို နှင့် ၄င်း၏ ဇနီးဖြစ်သူ အပါအ၀င် သမ္မတ နှင့် နီးစပ်သူ များကို လျှို့ဝှက် ထောက်လှမ်း ခဲ့သည်ဟု အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ( NSA ) မှ ကွန်ထရက်တာ တစ်ဦး ဖြစ်သူ အက်ဒွပ် စနိုးဒင်း က ဖွင့်ချ ခဲ့ပြီးနောက် ယင်းကိစ္စ နှင့် စပ်လျဉ်း၍ ဖြေရှင်းချက် ပေးရန် သြစတြေးလျ အစိုးရကို အင်ဒိုနီးရှား နိုင်ငံက တောင်းဆို ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ တရားမ၀င် ထောက်လှမ်း ခြင်းကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် အင်ဒိုနီးရှား အစိုးရက သြစတြေးလျ နိုင်ငံဆိုင်ရာ ၄င်းတို့၏ သံအမတ် ကို ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger