www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 18, 2013

၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု ထုတ်ပြန်ကြေညာ


ရန်ကုန် ၊ ၁၈-၁၁-၂၀၁၃

ပြန်ကြားရေး ၀န်ကြီးဌာန အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တွင် မြန်မာစာပေ အကျိုးကို ထူးချွန် ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသား ပြုစု ခဲ့သော ဆောင်ရွက်ချက် များကို နိုင်ငံတော် က အသိအမှတ် ပြုသော အားဖြင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး) ၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း) နှင့် ဆရာကြီး ဦးတင်မောင် ( သိပ္ပံ မှူးတင်) တို့အား ၂ဝ၁၂ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာ ဆုရှင်များ အဖြစ် ရွေးချယ် ချီးမြှင့် လိုက်သည်။

အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ အဖွဲ့ဝင် ၉၅ ဦးမှ အဆိုပြု အမည်စာရင်း ပေးပို့ တင်သွင်း လာမှုများ အပေါ် မူတည်၍ အမျိုးသား စာပေဆု ( အတည်ပြု အဆင့် ) တွင် ပါဝင်သည့် စာပေ ပညာရှင် များ ရှေ့မှောက်၌ ပွင့်လင်း မြင်သာစွာ ရွေးချယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား စာပေ တစ်သက်တာဆု ကို ၂၀၀၁ ခုနှစ်ကပင် စတင် ချီးမြှင့် ခဲ့ပြီး ဆုရရှိပြီးသော စာပေ ပညာရျင် ကြီးများမှာ စည်သူ ဦးလှကြိုင် ( ပါရဂူ ) (ကွယ်လွန်) ၊ စည်သူ ဦးထင်ဖတ် (မောင်ထင်) (ကွယ်လွန်) ၊ စည်သူ ဦးဌေးမောင် (ဌေးမောင်) ၊ စည်သူ ဦးလေးမြိုင် (လေးမြိုင်) ၊ စည်သူ ဒေါ်ရင်ရင် (စောမုံညင်း) (ကွယ်လွန်) ၊ စည်သူ ဒေါ်ကြန် (မကြန်) ၊ စည်သူ ဦးကြည်အေး ( ဆင်ဖြူကျွန်း အောင်သိန်း ) ၊ စည်သူ ဒေါက်တာ ကျော်စိန် (ကွယ်လွန်) ၊ စည်သူ ဒေါက်တာ ခင်မောင်ညွန့် ၊ စည်သူ ဒေါက်တာ သော်ကောင်း နှင့် ဦးဝင်းမောင် (မင်းယုဝေ) တို့ ဖြစ်ကြသည်။ ယခုနှစ် တွင်မူ စာပေ ပညာရှင်ကြီး များ၏ ဘဝတာ တစ်လျှောက်လုံး စာပေပညာ ဖြင့် ကြိုးပမ်း အားထုတ်မှုကို အသိအမှတ် ပြု ဂုဏ်ယူသည့် အနေဖြင့် စာပေ ပညာရှင်ကြီး (၃)ဦးအထိ ရွေးချယ် ချီးမြှင့် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆုများကို ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ ၃ ရက် (အင်္ဂါနေ့) ၊ ၁၃၇၅ ခုနှစ် ၊ နတ်တော်လဆန်း (၁)ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ၊ မြို့မ ကျောင်းလမ်း ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား တွင် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger