www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 21, 2013

အသေးစားချေးငွေ လုပ်ငန်းများ ဖွံ့ဖြိုးရေး ၀ိုင်းဝန်းဆောင်ရွက်


အသေးစားချေးငွေ လုပ်ငန်းများ ဖွံ့ဖြိုးရေး ၀ိုင်းဝန်းဆောင်ရွက်

အယ်ဒီတာ့အာဘော်
( ၂၁-၁၁-၂၀၁၃ )

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား ခဲ့သည်။ နိုင်ငံတော် သမ္မတ က '' ကျေးလက်နေ ပြည်သူများ၏ အဓိက စီးပွားရေး သည် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်း ဖြစ်ပါကြောင်း ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းကို ထိထိရောက်ရောက် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးနိုင်လျှင် ကျေးလက် ဒေသများတွင် ဝင်ငွေများ တိုးတက်လာပြီး ဆင်းရဲ နွမ်းပါးမှု နှုန်းလည်း ကျဆင်း လာမည် ဖြစ်ပါကြောင်း ၊ လူတစ်ဦးချင်း စီဝင်ငွေ တိုးစေရန် တစ်ဦးချင်းစီ ၏ အဓိက လိုအပ်ချက်ကို မူဝါဒများ ချမှတ်ပြီး ဖြည့်ဆည်း ပေးရန် လိုအပ် ပါကြောင်း '' ထည့်သွင်း ပြောကြား ခဲ့သည်။

နိုင်ငံတော်တွင် ဆင်းရဲ နွမ်းပါးမှု ရာခိုင်နှုန်းမှာ ၂ဝဝ၅ ခုနှစ် က ၃၂ ရာခိုင်နှုန်း ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၂၆ ရာခိုင်နှုန်း သို့ လျှော့ချ နိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ က ချမှတ်ထားသော ထောင်စုနှစ်သစ် ရည်မှန်းချက် အရ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲ နွမ်းပါးမှု ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းအောင် ကြိုးပမ်း ဆောင်ရွက် ရမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈) ရပ်ကို ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ချမှတ်၍ လက်တွေ့ အကောင် အထည်ဖော် လျက်ရှိသည်။

နိုင်ငံတော် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သည် ကျေးလက် ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဆက်နွှယ်သော လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။ သမဝါယမ ဝန်ကြီးဌာန သည် တောင်သူ လယ်သမားများ အတွက် အသေးစားေ ချးငွေအဖြစ် စိုက်ပျိုးစရိတ် များ ထုတ်ချေး ပေးလျက်ရှိရာ ယခုနှစ်တွင် နိုဝင်ဘာအထိ ငွေကျပ် ဘီလီယံ ၁၃ဝ ကျော် ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် ဆောင်းသီးနှံ ချေးငွေ အဖြစ် ကျပ်ဘီလီယံ ၅ဝ နှင့် ၂ဝ၁၄ ခုနှစ် ဧပြီ ၊ မေ ၊ ဇွန်လ များတွင် ချေးငွေ မရသေးသော လယ်သမား များအား မိုးရာသီ သီးနှံစိုက်ပျိုး စရိတ်အဖြစ် ဘီလီယံ ၅ဝ ထပ်မံ ထုတ်ချေး သွားရန် သမဝါယမ ဝန်ကြီးဌာန က စီစဉ်လျက် ရှိသည်။ ထို့အပြင် ထုတ်ချေးပြီး လယ်သမား များ၏ လုပ်ငန်း များအား စိစစ်၍ ဖြစ်နိုင်ခြေ ရှိသော လုပ်ငန်းများ အတွက် ချေးငွေ ကျပ် ငါးသိန်း အထိ တိုးမြှင့် ထုတ်ချေး သွားမည် ဖြစ်ကြောင်း သိရသည်။

သမဝါယမ အသင်းသား လယ်သမား များသည် အသေးစား ချေးငွေ၏ ရည်ရွယ်ချက် များအတိုင်း မိမိတို့ စီးပွားရေး လုပ်ငန်းများအား အမှန်တကယ် တိုးတက် ထိရောက်အောင် အသုံးပြုပြီး ချေးငွေကို သတ်မှတ်ချိန် တွင် ပြန်လည် ပေးဆပ်ကြရန် လိုအပ်သည်။ သို့မှသာ နောင်နှစ် အနည်းငယ် ကြာသည့် အချိန်တွင် မိမိတို့ ကိုယ်ပိုင်ငွေ ဖြင့် ရပ်တည် နိုင်သည့် အခြေအနေ ရောက်ရှိ လာမည်ဖြစ်ပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်သည်။


သို့ဖြစ်၍ ကျေးလက်နေ ပြည်သူများ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရေး နှင့် နိုင်ငံတော် တွင် ဆင်းရဲ နွမ်းပါးမှု နှုန်း ကျဆင်းရေး အတွက် အသေးစား ချေးငွေ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger