www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 19, 2013

အခြေခံ ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် ဘောလုံးဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ 
ပထမဆုရ ကျိုင်းတုံအသင်း ဆုလက်ခံယူစဉ်

အသက် ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ 
ပထမဆုရ တာချီလိတ် အသင်း ဆုလက်ခံယူစဉ်


ကျိုင်းတုံ ၊ ၁၉-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့ ခရိုင် ပြည်သူ့ အားကစားကွင်း ၌ နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အသက် ၁၆ နှစ်အောက် အခြေခံ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲ ဘောလုံး ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ပညာရေး ဦးစီးဌာန ရုံးမှ ပြည်နယ် ဒုတိယ ညွှန်ကြား ရေးမှူး ဦးခွန်စိန်မြင့် နှင့် ခရိုင် /မြို့နယ် ပညာရေးမှူးများ ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ် ဆရာ ဆရာမကြီးများ ၊ ဆရာ ဆရာမများ ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် ကြည့်ရှု အားပေး ကြသော ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ပြိုင်ပွဲ အပြီးတွင် အားကစား ပြိုင်ပွဲများ အလိုက် ဆုများ ပေးအပ် ချီးမြှင့်ခဲ့ရာ ပထမ ၊ ဒုတိယ ၊ တတိယ ရရှိသော ကျောင်းသား ကျောင်းသူ များအား တာဝန်ရှိသူ အသီးသီး တို့မှ ဆုတံဆိပ် များပေးအပ် ချီးမြှင့်ခဲ့ ပြီးနောက် အသက် ၁၆ နှစ်အောက် အမျိုးသမီး တံခွန်စိုက် ဘောလုံး ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော တာချီလိတ် အသင်း နှင့် ဒုတိယဆု ရရှိသော ကျိုင်းတုံအသင်း တို့အား ဆုတံဆိပ် နှင့် တံခွန်စိုက် ဖလားကို ခရိုင် ပညာရေးမှူး ဦးခင်ကျော်ဝင်း မှ ပေးအပ် ချီးမြှင့်ပြီး အမျိုးသား တံခွန်စိုက် ဖလား ပထမဆုရ ကျိုင်းတုံ အသင်းနှင့် ဒုတိယဆု ရ တာချီလိတ် အသင်း တို့အား ဒုတိယ ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့် က ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger