www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 25, 2013

မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ၊ လက်နက်ခဲယမ်း များနှင့်အတူ 
ယာဉ်မောင်း ကိုအောင် (ခ) လောက်အယ်အား တွေ့ရစဉ်

လုံခြုံရေး တပ်ဖွဲ့ဝင်များ က လင်ခရူဇာ (ကျောက်စိမ်းရောင်) လိုင်စင်မဲ့ယာဉ်အား စစ်ဆေးစဉ်

နေပြည်တော် ၊ ၂၅-၁၁-၂၀၁၃

နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲ ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ကောင်းမူ ကျေးရွာအနီး ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်စဉ် မသင်္ကာ ဖွယ်ရာ အရပ်ဝတ် ဖြင့် လူတစ်ဦး ထွက်ပြေး သွားသဖြင့် လိုက်လံ ရှင်းလင်းရာ တောင်ယာတဲ တစ်လုံးအား တွေ့ရှိပြီး တဲအတွင်း ပီနံအိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂၈ ထုပ် ၊ ၁၁၄၃၁ ဂရမ်ခန့် ၊ ဒေသတန်ဖိုး ၂၁၇၁ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ၊ လက်နက်ခဲယမ်းများ ၊ တိုရိုတာ (အနက်ရောင်) လိုင်စင်မဲ့ယာဉ် နှင့်
အတူ ဦးရော်စင်း ၊ ဦးအဖာ ၊ ကျိန်ကော်လင် ၊ ဦးနော်ဂျာ တို့အား တွေ့ရစဉ်


အလားတူ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် သိန်းနီ မြို့နယ် ၊ ပန်ရှော် ကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် သိန်းနီမြို့နယ် ဆယ်အူ ကျေးရွာ ဘက်မှ မန်လင် ကျေးရွာ ဘက်သို့ ယာဉ်မောင်း ကိုအောင် (ခ) လောက်အယ် ၂၇ နှင့် (ဘ) ဦးလောဖန် ၊ ကွတ်ခိုင် မြို့နယ် ၊ ကောင်းခါး ကျေးရွာနေသူ မောင်းနှင် လာသည့် လင်ခရူဇာ ( ကျောက်စိမ်းရောင် ) လိုင်စင်မဲ့ ယာဉ်အား မသင်္ကာ ၍ ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ အေကေ-၄၇ သေနတ် တစ်လက် ၊ ကျည်အိမ် တစ်ခု ၊ ၄င်းကျည် ၁၅ တောင့် ၊ ပွိုင့် -၂၂ သေနတ် တစ်လက် ၊ ကျည်အိမ် တစ်ခု ၊ ၄င်းကျည် ၁၅ တောင့် ၊ ဘိန်းဖြူ ၃၄ ထုပ် ၊ ၁၁ ကီလိုခန့် ၊ ဘိန်းညိုမှုန့် ၃၂ ထုပ် ၊ ၃ဝ ကီလိုခန့် ၊ ဘိန်းစိမ်း ၁ ထုပ် ၊ ဝ ဒသမ ၅ ကီလိုခန့် နှင့် ဘိန်းဆီခဲ ၁ ထုပ် ၊ ဝ ဒသမ ၈၃ ကီလိုခန့် မူးယစ်ဆေးဝါး စုစုပေါင်း ဒေသတန်ဖိုး ကျပ် ၄၈၀၆ သိန်းခန့် အား လည်းကောင်း ၊ ည ၁၁ နာရီ အချိန်ခန့်တွင် နမ့်ခိုက် ဘက်မှ ယာဉ်မောင်း ဦးရော်စင်း ၃၄ နှစ် (ဘ) ဦးရော်ရှမ်း မောင်းနှင်သည့် တိုယိုတာ ( အနက်ရောင် ) (လိုင်စင်မဲ့) ယာဉ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရာ ၄င်းယာဉ် ပေါ်တွင် ဦးအဖာ ၂၄ နှစ်(ဘ) ဦးကျိန်ကွေ့ ၊ ကျိန်ကော်လင် ၁၉ နှစ် (ဘ) ဦးကျိန်ကွေ့ ၊ ဦးနော်ဂျာ ၂၈ နှစ် (ဘ) ဦးလှတောင် တို့ လိုက်ပါ လာပြီး အမ် - ၂၀ သေနတ် ၂ လက် ၊ ကျည်အိမ် ၂ ခု ၊ ၄င်းကျည် ၁၄ တောင့် ၊ အမ် - ၂၂ နှစ်လက် ကျည်အိမ် ၂ ခု ၊ ၄င်းကျည် ၅၆ တောင့် ၊ မူးယစ် ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် Pseudoethedrine ဆေးပြား ဘူးကြီး ၁၃၀ ဘူး ၊ တစ်ပြည်ခန့် ၀င် ကြွပ်ကြွပ် အိတ်ဖြင့် ၄ ထုပ်နှင့် နို့ဆီဘူး ၅ ဘူးခန့်ဝင် ကြွပ်ကြွပ် အိတ်ဖြင့် ၁၂ ထုပ် ၊ စုစုပေါင်း ဒေသတန်ဖိုး ၉၄၃ သိန်း ခန့်အား လည်းကောင်း သိမ်းဆည်း ရမိခဲ့ပြီး ဖမ်းဆီးရမိ သူများအား ဥပဒေအရ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger