www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 1, 2013

ဘုရင့်နောင် ခုံးကျော်တံတားကြီး ပေါ်တွင် ယမန်နေ့မှစ၍ ယာဉ်များ စမ်းသပ် မောင်းနှင်ဖြတ်သန်း ခွင့်ပြု



ရန်ကုန် ၊ ၁-၁၁-၂၀၁၃

ဘုရင့်နောင် နှစ်ထပ် ခုံးကျော် တံတားကြီး ကို ယမန်နေ့ နံနက် ၉ နာရီ ၉ မိနစ်တွင် တောင်နှင့်မြောက် တည်ဆောက် ထားသော တံတား ကြီးပေါ်၌ ယာဉ်များ စမ်းသပ် မောင်းနှင် ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။(ပုံ)

ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် FMI တို့ ပူးပေါင်း၍ ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်က စတင်၍ ပန္နက်ရိုက် မင်္ဂလာ ပြုလုပ် ခဲ့သည်။

ယမန်နေ့ ဖြတ်သန်းခွင့် ပြုလိုက်သော တောင် နှင့် မြောက် တည်ဆောက်ထား သည့် ဘုရင့်နောင် ခုံးကျော်တံတား ကြီးသည် အရှည် ၁၄၄၄ ပေ ၊ လူသွားလမ်း ၃ ပေ ၊ ယာဉ်လေးစီး အသွား အပြန် သွားလာနိုင်ပြီး ကွန်တိန်နာ ယာဉ်ကြီးများ ၊ သစ်လုံးတင် ကားကြီးများ နှင့် ခရီးသည်တင် ယာဉ်များ အဓိက သွားရာ လမ်းဖြစ်သဖြင့် တံတား ခံနိုင်ဝန် တန်ချိန် ၇၅ တန် အထိ ခံနိုင်ကြောင်း သိရသည်။

အဆိုပါ ဖြတ် ဖြတ်သန်းခွင့်ပြု ထားသော တံတားသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးများ ၊ တာဝန်ရှိ သူများ တက်ရောက်၍ တံတား နှစ်စင်း ဆုံရာ၌ တံတားပေါ် ဖြတ်သန်း သွားလာသော ယာဉ်များနှင့် ပါလာသူများ ကို အမှတ်တရ မှတ်နှာသုတ် ပ၀ါများ ချီးမြှင့် ပေးအပ် ခဲ့ကြောင်း သိရသည်။


သမိုင်း - လှိုင်သာယာ ခုံးကျော်တံတား ကိုလည်း ယခုနှစ် မကုန်မီ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ဖွင့်လှစ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သက်ဆိုင်ရာ မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger