www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 28, 2013

Soyuz-2 ဒုံးပျံပစ်လွှတ်စင် ပါဝင်သည့် ဒုံးပစ်စခန်းကို အမေရိကန် ဒေါ်လာ ၂၂ သန်း အကုန်ကျခံကာ ရုရှား တည်ဆောက်သွားမည်


Vostochny အာကာသ ဒုံးပျံလွှတ်တင်ရေး စခန်း တည်ဆောက်ရေးမြင်ကွင်း

မော်စကို ၊ ၂၈-၁၀-၂၀၁၃

ရုရှား အာကာသ အေဂျင်စီ Roscosmos သည် Soyuz-2 ဒုံးပျံများ လွှတ်တင်ရန် အတွက် Vostochny အမည်ရှိ အာကာသ ဒုံးပျံလွှတ်တင်ရေး စခန်းကို ရုရှားနိုင်ငံ အရှေ့စွန်း ဒေသတွင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက် အပြီး တည်ဆောက် နိုင်ရေး ရူဘယ်လ် ၆၉၅ သန်း ( အမေရိကန် ဒေါ်လာ ၂၂ သန်း ) တန်ဖိုးရှိ တင်ဒါ တစ်ခုကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက် NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ Vostochny အာကာသ ဒုံးပစ်စခန်း စီမံကိန်းတွင် Soyuz-2 ဒုံးပျံ ပစ်လွှတ်စင် နှင့် Angara - Family ဒုံးပျံ ပစ်လွှတ်စင် တို့ပါဝင် မည်ဖြစ်သည်ဟု Roscosmos အေဂျင်စီ အကြီးအကဲ Oleg Ostapenko က ပြောကြား ခဲ့ကြောင်း သိရသည်။ ၄င်း Vostochny ဒုံးပစ် စခန်းကို ၂ဝ၁၅ ခုနှစ်တွင် ကနဦး ပစ်လွှတ်မှုများ ပြုလုပ်နိုင်ရေး သတ်မှတ် ထားသော်လည်း လုပ်ငန်း အားလုံး ပြီးစီးမှုကို ၂ဝ၂ဝ ခုနှစ်တွင် အလုံးစုံ ပြီးစီးရန် စီစဉ်ရေးဆွဲ ထားကြောင်း နှင့် ၄င်းဒုံးပစ် စခန်းကို ရုရှားနိုင်ငံ အနေဖြင့် လတ်တလော ဒုံးပျံ ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည့် ကာဇက်စတန် တောင်ပိုင်း ဒေသရှိ Baikonur ဒုံးပစ်စခန်း အပေါ်မှီခို အားထား နေရမှုကို လျှော့ချရန် ရည်ရွယ် တည်ဆောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။


Roscosmos အေဂျင်စီ၏ ထုတ်ပြန် ပြောဆိုမှုအရ ၂ဝ၂ဝ ခုနှစ်မှစ၍ ရုရှားနိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှု အားလုံး၏ ၄၅ ရာခိုင်နှုန်း ခန့်ကို Vostochny ဒုံးပစ်စခန်းမှ ပစ်လွှတ် သွားနိုင်ရန် မျှော်မှန်းထားပြီး ကျန်ဒုံးပျံများကို ရုရှားနိုင်ငံ မြောက်ပိုင်းစွန်း ရှိ Plesetsk ဒုံးပစ်စခန်းမှ ပစ်လွှတ် သွားမည်ဖြစ်၍ Baikonur ၏ လုပ်ငန်းရှယ်ယာ သည်လည်း ၆၅ ရာခိုင်နှုန်း မှ ၁၁ ရာခိုင်နှုန်း အထိ ကျဆင်း သွားမည် ဖြစ်ကြောင်း သိရသည်။ Vostochny ဒုံးပစ် စခန်းနယ်မြေ သည် ရုရှားနိုင်ငံ အရှေ့စွန်း Amur ဒေသအတွင်း ဧရိယာ ၁ဝဝဝ စတုရန်း ကီလိုမီတာ ( ၃၈၆ စတုရန်းမိုင် ) ကျယ်ဝန်းကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger