www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 21, 2013

သီတင်းကျွတ် လပြည့်နေ့ ဆီးမီး တစ်သောင်းတစ်ထောင် ထွန်းညှိပူဇော်



မုံရွာ ၊ ၂၁-၁၀-၂၀၁၃

မုံရွာမြို့၏ ကျက်သရေဆောင် သမိုင်းဝင် ရွှေစည်းခုံ စေတီတော် မြတ်ကြီး ရင်ပြင်တော်၌ အောက်တိုဘာ ၁၉ ရက် သီတင်းကျွတ် လပြည့် အဘိဓမ္မာနေ့  ည ၇ နာရီက နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ဆီးမီး ထွန်းညှိ ပူဇော်ကြရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူ များဖြင့် အထူး စည်ကား ခဲ့သည်။

ရွှေစည်းခုံ စေတီတော် မြတ်ကြီးတွင် ဆီးမီး ထွန်းညှိ ပူဇော်ခြင်း ၊ ရွှေစည်းခုံ မြတ်စွာဘုရား ကြီးအား နတ်မြင်းပျံ စက်ရထားဖြင့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခြင်း များကို ဘုရားပွဲတော် လာပြည်သူ များမှ လှူဒါန်း ပူဇော်ခဲ့ ကြသည်။




အဆိုပါဆီမီး ထွန်းညှိ ပူဇော်ပွဲနှင့် ပတ်သက်၍ ရွှေစည်းခုံ ဘုရား သန့်ရှင်းမှု နှင့် အကျိုးဆောင် လူငယ် အဖွဲ့ဝင် တစ်ဦးက " ရွှေစည်းခုံ ဘုရားကြီးမှာ နှစ်စဉ် ဆီမီးထွန်းညှိ ပူဇော်ရာမှာ ယခင်က ဆီမီးကိုးထောင် ထွန်းခဲ့ပေမဲ့ ကနေ့ဆီမီး တစ်သောင်း တစ်ထောင် ထွန်းညှိ ပူဇော်ခဲ့ ကြပါတယ် ၊ ဘုရားဆီမီး ထွန်းညှိ ပူဇော်ကြတဲ့ ပြည်သူများကို ကျွန်တော်တို့ အဖွဲ့က ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေး ခဲ့ကြပါတယ် ... " ဟု ပြောကြားသည်။ အဆိုပါ ရွှေစည်းခုံ မြတ်စွာဘုရား ကြီးကို ရွှေသင်္ကန်း လှူပူဇော်ရာတွင် ရွှေဆိုင်းတစ်ချပ် ကို ငွေကျပ်ငါးရာ ဖြစ်ပြီး ရွှေဆိုင်း ကပ်လှူ ပူဇော်ခြင်း များအား ဘုရားဂေါပက အဖွဲ့က ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger