www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 23, 2013

(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံများမှ ပြိုင်ပွဲဝင် အသင်းသားများ ရောက်ရှိ


ဗီယက်နမ် နိုင်ငံ သေနတ်ပစ် အသင်းအား AARM VILLAGE တွင် 
တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၂၃-၁၀-၂၀၁၃

မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ရန်ကုန်မြို့ တွင် ရောက်ရှိ နေသော ဗီယက်နမ် နိုင်ငံမှ အသင်း အုပ်ချုပ်သူ Senior Colonel Tran Van Trieu ခေါင်းဆောင်သော သေနတ်ပစ် အသင်းသည် ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် လည်းကောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အသင်း အုပ်ချုပ်သူ Lieutenant Colonel Palmer M Parungao ဦးဆောင်သော သေနတ်ပစ် အသင်းသည် ၈ နာရီ မိနစ် ၅၀ တွင် လည်းကောင်း မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အသီးသီး ရောက်ရှိ လာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှူးကြီး တင်မောင်ညွန့် နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက် ကြကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံ သေနတ်ပစ် အသင်းအား AARM VILLAGE တွင် 
တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ကြစဉ်


ထို့နောက် နေ့လယ်ပိုင်း တွင် သေနတ်ပစ် အသင်းသား များသည် မော်တော်ယာဉ် များဖြင့် ပြင်ဦးလွင်မြို့ ရှိ AARM VILLAGE သို့ ရောက်ရှိရာ ပြင်ဦးလွင် တပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်မြင့် နှင့် တပ်မတော် အရာရှိကြီး များက ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger