www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 6, 2013

လုပ်ငန်းသုံး ဆိုင်ကယ်ယာဉ်တချို့ စည်းကမ်းပျက် သွားလာလျက်ရှိ


မုံရွာ ၊ ၆-၉-၂၀၁၃

ယာဉ်တိုက်မှု ဖြစ်စဉ် အများစုတွင် ယာဉ်မောင်းသူ များ သတ်မှတ် ယာဉ်စည်းကမ်း များကို လေးစား လိုက်နာမှု အလွန် နည်းပါးခြင်း ကြောင့် ယာဉ်အန္တရာယ် များ ဖြစ်ပေါ် ရသည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူး ရဲမှူး ဦးခင်ဇော်မြင့် က ပြောကြား ခဲ့ကြောင်း သိရသည်။

" သက်ဆိုင်ရာ က ကြိမ်ဖန် များစွာ သုတေသန ပြုလုပ်ပြီးမှ ထုတ်ပြန် ကြေညာ ပေးတဲ့ စည်းကမ်းချက် တွေ ဖြစ်ပါတယ် ၊ ယာဉ် သုံးစွဲသူ အဖို့ ဒီ စည်းကမ်းချက် တွေကို လေးစား လိုက်နာမယ် ဆိုခဲ့ရင် ယာဉ်တိုက်မှု ဘေးအန္တရာယ် မှ ကင်းဝေး စေမှာ အမှန်ပဲ ဖြစ်ပါတယ် ... " ဟု ရဲမှူး ဦးခင်ဇော်မြင့် က ဆက်လက် ပြောကြား ခဲ့သည်။


နေ့စဉ် မုံရွာမြို့ အတွင်း တစ်နေရာမှ တစ်နေရာသို့ ကုန်စည်များ တစ်နိုင် တစ်ပိုင် သယ်ယူ ပို့ဆောင်ရာတွင် ယခင်က ဆိုက်ကား ၊ မြင်းလှည်း များကို တွင်ကျယ်စွာ အသုံးပြု ခဲ့ကြ သော်လည်း ယခုအခါ ဒေသတွင်း ဖွံ့ဖြိုး လာသည်နှင့် အမျှ ဆိုင်ကယ်များကို လုပ်ငန်းသုံး ယာဉ်အဖြစ် ပြောင်းလဲ အစားထိုး သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆိုင်ကယ် များအား လုပ်ငန်းသုံး ယာဉ်ငယ်များ အဖြစ် တွင်ကျယ်စွာ အသုံးပြု ကြသော်လည်း ယာဉ်မောင်း နှင်သူတစ်ချို့ မှ စည်းကမ်း ပျက်ယွင်းစွာ တင်ဆောင် မောင်းနှင် နေသည့် အတွက် ပတ်ဝန်းကျင် ခရီးသွားလာ နေသူများအား မတော်တဆ ယာဉ်တိုက်မှု ဘေးအန္တရာယ် ဖြစ်ပေါ် လာမည်ကို စိုးရိမ်လျက် ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger