www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 9, 2013

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ


မန္တလေး ၊ ၉-၉-၂၀၁၃

မန္တလေးခရိုင် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့အထိမ်းအမှတ် အခမ်းအနား အား မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၆၈ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ အမှတ်(၁၆) အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ၊ ခရိုင် ပညာရေးမှူး ဦးရဲညွန့် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ် ပညာရေးမှူးများ နှင့် ကျောင်းအုပ်ကြီး များ ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။


ဆက်လက်၍ ကုသသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မန္တလေးခရိုင် ပညာရေးမှူးမှ ဖတ်ကြားပြီး ဆုပေးပွဲအား ကျင်းပရာ နိုင်ငံတကာ စာတတ်မြောက် ရေးနေ့အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ နှင့် တတိယဆု ရရှိသူများအား ခရိုင် အုပ်ချုပ်ရေးမှူးမှ လည်ေးကာင်း ၊ နိုင်ငံတကာ စာတတ်မြောက်ရေး နေ့ အထိမ်းအမှတ် အလယ်တန်း အဆင့် ပြိုင်ပွဲတွင် ဆုရရှိ သူများအား ခရိုင်ပညာရေးမှူး မှ လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြပြီး နောက် ပြသထားသော နိုင်ငံတကာ စာတတ်မြောက်ရေး နေ့အထိမ်းအမှတ် ဓာတ်ပုံ၊ ပိုစတာများ လည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger