www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 12, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် " မွေ " အားကစားနည်း အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေး တက်ရောက်ရန် ကိုယ်စားလှယ် အဖွဲ့များရောက်ရှိ


ရန်ကုန် ၊ ၁၂-၈-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ တွင် " မွေ " အားကစားနည်း အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဦးဆောင် ကျင်းပမည့် ညှိနှိုင်း အစည်းအဝေး တက်ရောက်ရန် နိုင်ငံတကာ " မွေ " အဖွဲ့ချုပ် ( IFMF ) ၊ " အာရှမွေ " အဖွဲ့ချုပ် ( AMF ) နှင့် အရှေ့တောင် အာရှ " မွေ " အဖွဲ့ချုပ် ( SEAMF ) တို့မှ ဥက္ကဋ္ဌများ ၊ အတွင်းရေးမှူး များနှင့် ဗီယက်နမ် ၊ လာအို ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံတို့မှ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲ မှစ၍ လေကြောင်း ခရီးများဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာကြရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင် ၊ မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန မှ အားကစား နှင့် ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး နှင့် တာဝန်ရှိ သူများက ကြိုဆို ခဲ့ကြကြောင်း သိရသည်။


အဆိုပါ " မွေ " အားကစားနည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကို သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger