www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 24, 2013

အမှတ်(၁) ချစ်ကြည်ရေး တံတား၌ မြန်မာအလုပ်သမား ၁၀ ဦးလွှဲပြောင်းယူ

တာချီလိတ် ၊ ၂၄-၈-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာချီလိတ်မြို့ ၊ ခရိုင် /မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်သော ဦးဝင်းအောင် ဦးစီး ၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ ဒုတိယ ရဲအုပ် မင်းဇော်နှင့် ဌာနဆိုင်ရာ များပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီက ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးအရာရှိ စာစီတွန် ၊ မယ်ဆိုင်ခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဖနော်ကျာလူဖက် ၊ မယ်ဆိုင်ခရိုင် ဒုတိယ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဆက်ဒါးရန်စုကျန်း နှင့် ဒုတိယ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ယဆဲန် ခုမ်ဟန်ဆန် တို့က အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် လာရောက် လွှဲပြောင်း ပေးသော မြန်မာ အလုပ်သမား အမျိုးသား ခုနစ်ဦး ၊ အမျိုးသမီး သုံးဦးကို လွှဲပြောင်း လက်ခံခြင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။


လွဲပြောင်း လက်ခံခဲ့သော မြန်မာနိုင်ငံသား ၁ဝ ဦးတို့အား တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကျောင်း အတွင်း အခြေပြုပြီး ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီး နေထိုင်ခွင့် ကတ်များ မရှိခြင်းနှင့် နယ်စပ် ဖြတ်သန်းခွင့် ခုနစ်ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီး ခံရခြင်းဖြစ်ပြီး ၄င်းတို့မှာ လူကုန်ကူး ခံရခြင်း မရှိကြောင်း ၊ လွှဲပြောင်း အလုပ်သမား ၁ဝ ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ၄င်းတို့၏ မိဘဆွေမျိုး များထံ မွန်းလွဲ ၂ နာရီခွဲက ခံဝန်ဖြင့် အပ်နှံခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger