www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 15, 2013

စင်ကာပူနိုင်ငံ Parkway Hospital မှ အထူးကုဆရာဝန်ကြီးများ ဆွေးနွေး ဟောပြောပွဲ ကျင်းပ


နေပြည်တော် ၊ ၁၅-၇-၂၀၁၃

နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး နှင့် Parkway Hospital တို့၏ နားလည်မှု စာချွန်လွှာ အရ ယမန်နေ့က Novena Hospital မှ ကင်ဆာ အထူးကု ဆရာဝန်ကြီး  Dr. Partricia Cho နှင့် Mount Elizabeth Orchard Hospital မှ ဓာတ်ရောင်ခြည် ကင်ဆာ အထူးကု ဆရာဝန်ကြီး Dr. Lee Kim Shang တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးမှ ကင်ဆာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ သော်တာဝင်း နှင့်အတူ ကင်ဆာရောဂါ ဝေဒနာရှင် များအား အခမဲ့ ဆွေးနွေး အကြံပြု ဆွေးနွေးခြင်း တို့ကို ပူးပေါင်း ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထို့အတူ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး နှင့် စပ်လျဉ်း၍ အူလမ်းကြောင်း ဆိုင်ရာ ကင်ဆာ ရောဂါ ကုသခြင်းကို  Dr. Partricia Cho ကလည်းကောင်း ၊ ဓာတ်ရောင်ခြည် ကင်ဆာကုသခြင်း ကို Dr. Lee Kim Shang ကလည်းကောင်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ ဆေးပညာရပ် ဆိုင်ရာ ဟောပြောပွဲ သို့ နေပြည်တော် ရှိ ဆေးရုံကြီး များမှ ဆေးရုံအုပ် ကြီးများ ၊ အထူးကု ဆရာဝန် အသင်း ( ပျဉ်းမနား ) မှ ဆရာဝန်ကြီးများ ၊ ဆရာဝန်များ နှင့် စိတ်ပါဝင်စား သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။


Parkway Hospital, Singapore နှင့် ဗမ္ဗူသီရိ အထူးကု ဆေးရုံကြီး တို့၏ နားလည်မှု စာချွန်လွှာ MOU လက်မှတ် ရေးထိုး ထားမှုအရ အလားတူ အထူးကု ဆရာဝန်များ မှ ဆွေးနွေး တိုင်ပင်ပေးခြင်း ၊ ဆေးပညာ ဟောပြော ဆွေးနွေးမှု ကျင်းပခြင်း တို့ကို လစဉ် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger