www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 3, 2013

ဆေးပညာ ဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရထားသူများ Health Services Management အတွက် ၀င်ခွင့်ခေါ်ယူ

ရန်ကုန် ၊ ၃-၇-၂၀၁၃

မြန်မာနိုင်ငံ မှ ဆေးပညာ ဘာသာရပ် တစ်ခုခု သို့မဟုတ် ဆရာဝန်ဘွဲ့ ရရှိထား သူများ အနေဖြင့် Griffith University ၏ Graduate Certificate နှင့် Master of Health Services Management ကို လေ့လာ သင်ယူနိုင်မည် ဖြစ်ကြောင်း နှင့် အဆိုပါ ဘာသာရပ် များ၏ ထူးခြားချက် အနေဖြင့် လက်တွေ့ လုပ်ဆောင် ရသော စာသင်ကြားမှု များနှင့် အလုပ်အကိုင် နေရာချထားမှု ပါဝင်ကြောင်း ၊ ကျောင်းလျှောက် ထားခြင်း ကို ၀န်ဆောင်မှု ပေးမည့် CROWN Education မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါဘွဲ့ကို Australian College of Health Services Management ( ACHSM ) အဖွဲ့ကြီးမှ အသိအမှတ်ပြု ထားပြီး ကျောင်းပြီးပါက ACHSM အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။

Intake မှာ ဖေဖော်ဝါရီ နှင့် ဇူလိုင် တို့ဖြစ်ပြီး Graduate Certificate ကို ၆ လနှင့် Master ပရိုဂရမ် ကို တစ်နှစ်ကြာ သင်ယူနိုင်ပြီး ကျောင်းလခ Graduate Certificate အတွက် သြစတြေးလျ ဒေါ်လာ ၈၉၂၀ နှင့် Master of Health Services Management အတွက် သြစတြေးလျ ဒေါ်လာ ၁၇၈၄၀ ကုန်ကျမည် ဖြစ်သည်။ မြန်မာနိုင်ငံ မှ ဆေးပညာ ဘာသာရပ် တစ်ခုခု သို့မဟုတ် ဆရာဝန်ဘွဲ့ တစ်ခုခု ရရှိထားပြီး အင်္ဂလိပ်စာ လိုအပ်ချက် IELT 6.5 ရှိသူများ လျှောက်ထား နိုင်ကြောင်း သိရသည်။


ကျောင်းလျှောက် ထားရန် အသေးစိတ် သိရှိ လိုသူများ အနေဖြင့် CROWN Education ၊ အမှတ် ၂၇၀ ၊ ပထမထပ် ၊ အခန်း ( 1C ) ၊ မြေနီကုန်း ၊ ပြည်လမ်း ၊ ကောင်းမြတ်မွန် ဆေးခန်း အပေါ်ထပ် ၊ ဖုန်း ၀၉- ၇၃၂၇၂ ၃၇၇ ၊ ၀၉- ၅၀၈၅ ၁၈၅ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger