www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 3, 2013

မြန်မာ့ရေထွက်ကုန်ပြပွဲ နိုင်ငံတကာ ကုမ္ပဏီများ နှင့် ပူးပေါင်း ပြုလုပ်မည်

ရန်ကုန် ၊ ၃-၇-၂၀၁၃

နိုင်ငံတကာ နှင့် ပူးပေါင်း ပြုလုပ်မည့် မြန်မာ့ ရေထွက်ကုန် ပစ္စည်းပြပွဲ ကို ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ လာမည့် စက်တင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ILDEX ခေါ် International Livestock, Dairy, Meat processing and Aquaculture Exhibition ကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ နှင့် ပူးပေါင်း ကျင်းပမည့် ရေထွက်ကုန် ပစ္စည်းပြပွဲ ကို VNU Exhibitions Asia Pacific ကုမ္ပဏီ ကလည်း ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲသို့ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှား စသော နိုင်ငံများမှ မွေးမြူရေး နှင့် ရေထွက်ကုန် ကုန်ချောပစ္စည်း များကို လာရောက် ပြသမိတ်ဆက် ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ရေချို ၊ ရေငန် သဘာဝ သယံဇာတ ပစ္စည်းများစွာ ထွက်ရှိပြီး မွေးမြူနိုင်သော အခြေအနေ များမှာလည်း ရေချို ရေငန် နှစ်ခုစလုံးတွင် မွေးမြူ ရင်းနှီး မြှုပ်နှံနိုင်သည်။ ထို့အပြင် မွေးမြူရေး လုပ်ငန်း အနေဖြင့် ကြက် ၊ ၀က် ၊ ဘဲ ၊ ဆိတ် ၊ သိုး ၊ ကျွဲ ၊ နွား စသော သတ္တ၀ါပေါင်း များစွာကို မွေးမြူ ထုတ်လုပ် နိုင်ကြောင်း သိရသည်။

ထိုသို့ ရေလုပ်ငန်း နှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ များတွင် ဖွံ့ဖြိုး တိုးတက် နိုင်သော နည်းလမ်းများ ရှိပါကလည်း နည်းပညာ နှင့် အရင်းအနှီး အားနည်းသောကြောင့် အဆိုပါ လုပ်ငန်းများ မအောင်မြင် ခဲ့ပေ။ သဘာဝ ရေထွက်ကုန် နှင့် မွေးမြူရေး ထွက် အသားများကို အိမ်နီးချင်း နိုင်ငံများ သို့သာ အဓိက တင်ပို့ နေရပြီး ကုန်ကြမ်း အဖြစ်သာ တင်ပို့နိုင်ကြောင်း သိရသည်။


ယင်းသို့ ရေထွက်ကုန် နှင့် မွေးမြူရေး ထွက်ကုန်ချော မထွက်သော မြန်မာနိုင်ငံ သည် လူဦးရေ သန်း ၆၀ နီးပါးရှိပြီး အလုပ်လုပ် နိုင်သော လူဦးရေ မှာ ၃၆ ရာခိုင်နှုန်း ရှိသောကြောင့် အိမ်နီးချင်း နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ သည် ဈေးကွက် တစ်ခု ဖြစ်လာနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger