www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 17, 2013

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားစကားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင်ကမ်းခြေ များတွင် ကျင်းပသွားမည်


နေပြည်တော် ၁၇-၇-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း ၊ အားကစားရုံများ တည်ဆောက် ပြီးစီးမှု နှင့် အားကစား နည်းအလိုက် အားကစား သမားများအား စခန်းသွင်း လေ့ကျင့်ပေး နေမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။

ရှေးဦးစွာ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း သည် ကနူး/ ကယက် ၊ အနောက်တိုင်း လှေနှင့် ရိုးရာလှေ ပြိုင်ပွဲများ ကျင်းပမည့် ငလိုက်ဆည် သို့ ရောက်ရှိရာ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း က အားကစား နည်းအလိုက် ကြိုတင် ပြင်ဆင် ထားရှိမှု ၊ ပြိုင်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် ပြီးစီးမှု နှင့် အားကစား သမားများအား စခန်းသွင်း လေ့ကျင့်ပေး နေမှုတို့ကို လိုက်လံ ရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင် များသည် ၀ဏ္ဏသိဒ္ဓိ အားကစားရွာ အနီးရှိ မြင်းစီး အားကစား ပြိုင်ကွင်း တည်ဆောက် ပြီးစီးမှု ၊ ပြိုင်မြင်များ စုဆောင်း ထားရှိမှု နှင့် လေ့ကျင့်ပေး နေမှုများကို လည်းကောင်း ၊ အားကစား သမားရွာ ၊ ဆေးခန်း နှင့် စားရိပ်သာ တို့ကို လည်းကောင်း ၊ ၀ဏ္ဏသိဒ္ဓိ ရေကူးကန် နှင့် ၀ဏ္ဏသိဒ္ဓိ Sport Complex တည်ဆောက် ပြီးစီးမှု ကိုလည်းကောင်း ၊ အားကစား နည်းများ အလိုက် အားကစား သမားများ စခန်းသွင်း လေ့ကျင့် ပေးနေမှု ကိုလည်း လှည့်လည် ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကဏ္ဍအလိုက် လိုက်လံ ရှင်းလင်း ပြသပြီး ဒုတိယ သမ္မတ က လိုအပ်သည်များ အား လမ်းညွှန် မှာကြား ခဲ့သည်။

ထိုမှ တစ်ဆင့် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း အား ၀ဏ္ဏသိဒ္ဓိ အားကစား ရုံးဧည့်ခန်းမ၌ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း က အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် ပြီးစီးမှု ၊ အားကစားကွင်း များ တည်ဆောက် ပြီးစီးမှု ၊ အားကစား နည်းအလိုက် ပြိုင်ပွဲဝင် အားကစား သမားများအား ပြည်တွင်း / ပြည်ပ မှနည်းပြများ နှင့် လေ့ကျင့်ပေးမှု အခြေအနေများ ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အာဆီယံ နိုင်ငံများမှ အားကစား သမားများ နှင့် တာဝန်ရှိ သူများအား နေရာချ ထားမည့် အစီအစဉ်များ နှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်း တင်ပြရာ ဒုတိယ သမ္မတ က လုပ်ငန်းပိုင်း ဆိုင်ရာ များကို ဆွေးနွေး မှာကြားသည်။


၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင် ကမ်းခြေများတွင် ကျင်းပ သွားမည် ဖြစ်သည်။ ပြိုင်ပွဲများ ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ၊ ဇေယျာသီရိ အားကစားကွင်း ၊ မြားပစ်ကွင်း ၊ မြင်းစီးကွင်း ၊ ငလိုက်ဆည် တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီး ဖြစ်ကာ အားကစားရွာ တည်ဆောက်မှု မှာ ရာနှုန်းပြည့် နီးပါး ပြီးစီး နေပြီ ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger