www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 16, 2013

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗာဂျာဂျီဗာ လူသတ်မှုဖြင့် တရားစွဲဆိုခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗာဂျာဂျီဗာ
ဗန်ကောက် ၊ ၁၆-၇-၂၀၁၃

ထိုင်းနိုင်ငံ တွင် လွန်ခဲ့သော ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှု များအား အစိုးရဘက်မှ ပြန်လည် ထိန်းသိမ်း ခဲ့ရာတွင် ယာဉ်မောင်း အရပ်သား တစ်ဦး သေဆုံးခဲ့ ရခြင်းနှင့် ပတ်သက်၍ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ်ဗာဂျာဂျီဗာ သည် လူသတ်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်ဟု သိရသည်။

အဘီဆစ် နှင့် အတူ ၄င်း၏ လက်ထောက် ဖြစ်သူ ဆူသပ် သောင်ဆူဘန် သည်လည်း ဗန်ကောက် အထူးစုံစမ်း ထောက်လှမ်းရေး DSI ဌာန၏ တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။ အဘီဆစ် နှင့် သောင်ဆူဘန် တို့ကမူ ၄င်းတို့အပေါ် စွဲဆို ထားသည့် စွဲချက်မှာ မမှန်ကန်ကြောင်း ၊ ၄င်းတို့ အနေဖြင့် နိုင်ငံတွင်း ၌ ဖြစ်ပွားနေသည့် အကြမ်းဖက် မှုများကို ရပ်တန့် သွားစေရန် ၄င်းတို့၏ တာဝန်ကို ထမ်းဆောင် ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြန်လည် ငြင်းဆိုခဲ့ကြောင်း အတိုက်အခံ ဒီမိုကရက်တစ် ပါတီ၏ ဒုတိယ ခေါင်းဆောင် သာဗွန်ဆန်နီအမ် က ပြောကြားသည်။


ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ တရားရုံးချုပ် သည် အဘီဆစ် နှင့် သောင်ဆူဘန် တို့နှစ်ဦး အပေါ် စွဲဆိုထားသည့် စွပ်စွဲချက် များသည် မှန်ကန်မှု မရှိဟု ဆုံးဖြတ်ခဲ့ပြီး ယင်း တရားစွဲဆိုမှု တွင် အဓိက စုံစမ်း စစ်ဆေးသူ ဖြစ်သော DSI ဌာန၏ အကြီးအကဲ တာရစ်ပန်ဒစ် သည် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံနိုင်ဖွယ် ရှိကြောင်း ဒီမိုကရက်တစ် ပါတီမှ ရှေ့နေ့ တစ်ဦးက ပြောကြား ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger