www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 4, 2013

၂၀၁၄ ခုနှစ်မှစတင်ကာ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၅၀ မှ သန်း ၆၀၀ အထိ ပုဂ္ဂလိကများကို တင်သွင်းခွင့်ပြုမည်

ရန်ကုန် ၊ ၄-၇-၂၀၁၃

လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန လက်အောက်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စက် များတွင် အသုံးပြုရန် လိုအပ်သော သဘာဝ ဓာတ်ငွေ့ကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ သူများအား တင်သွင်းခွင့် ပြုမည် ဖြစ်သဖြင့် အိတ်ဖွင့် တင်ဒါ ခေါ်ယူ ထားကြောင်း သိရသည်။

သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အတွက် လိုအပ်သော သဘာဝ ဓာတ်ငွေ့ကို လက်ရှိ မြန်မာ့ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းပိုင် ဓာတ်ငွေ့ ပိုက်လိုင်း အတွင်းသို့ အရောက် တန်ဖိုး D.D.P Yangon ဖြင့် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန က ၀ယ်ယူမည် ဖြစ်ပြီး အဆိုပါ သဘာဝ ဓာတ်ငွေ့များကို ပေးသွင်း ရမည့် နည်းလမ်းမှာ Liquefied Natural Gas LNG အား တင်သွင်း၍ Floating Storage and Regasification Unite FSRU အသုံးပြုပြီး သဘာဝ ဓာတ်ငွေ့ အဖြစ် ပေးသွင်းရန် ဖြစ်သည်ဟု သိရသည်။

ပေးသွင်းရမည့် ပမာဏမှာ ၂၀၁၄ ခုနှစ် မတ်လ မတိုင်မီအထိ တစ်ရက်လဆင် သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ မှ သန်း ၂၀၀ အထိ လည်းကောင်း ၊ ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ မှ သန်း ၆၀၀ အထိ လည်းကောင်း ပေးသွင်း ရမည် ဖြစ်သည်။ ပေးသွင်းရမည့် ကာလမှ ၅ နှစ်မှ ၁၀ နှစ်ကာလ အထိ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လျှပ်စစ်စွမ်းအား တစ်နေ့တာ လိုအပ်ချက် မှာ ၁၈၀၀ မဂ္ဂါဝပ် ခန့်ရှိနိုင်ပြီး ဖြည့်ဆည်း ပေးနိုင်မှု ပမာဏမှာ မဂ္ဂါဝပ် ၁၃၀၀ ခန့်အထိသာ ရှိနေသေးကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှု အခြေအနေ မှာ ကုန်းတွင်း အနေဖြင့် ညောင်တုန်း ၊ မအူပင် နှင့် အဖျောက် တို့မှ စုစုပေါင်း ကုဗပေ ထရီလျံ ၀ ဒသမ ၉၇ TCF ၊ ကမ်းလွန် ပင်လယ်ပြင် တွင် ရတနာ ၊ ရဲတံခွန် ၊ ဇောတိက နှင့် ရွှေဘို တို့မှ စုစုပေါင်း ကုဗပေ ထရီလျံ ၁၀ ဒသမ ၆၃ TCG ထွက်ရှိ နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger