www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 2, 2013

ဥရောပသမဂ္ဂ က အမေရိကန် အနေဖြင့် ၄င်းတို့အပေါ် စောင့်ကြည့်ခြင်း ရှိ-မရှိ ရှင်းလင်းရန် တောင်းဆိုခြင်း


၂-၇-၂၀၁၃

ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် က အမေရိကန် နိုင်ငံ အနေဖြင့် ဂျာမဏနိုင်ငံ ထုတ် SPIEGEL မဂ္ဂဇင်း ၏ ထုတ်ပြန် ကြေညာချက် များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပေးရန် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း ဇွန်လ ၃၀ ရက်နေ့ ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်

အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး အေဂျင်စီ ( National Security Agency ) သည် ဥရောပ နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှု ကို စောင့်ကြည့်ရုံ သာမက ဥရောပသမဂ္ဂ အဖွဲ့အစည်း များကိုပါ သေသေချာချာ ပစ်မှတ်ထား စောင့်ကြည့် သွားရန် ပြင်ဆင်လျက် ရှိကြောင်း SPIEGEL မဂ္ဂဇင်း ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ ထားသည်ဟု သိရသည်။ ဥရောပသမဂ္ဂ အနေဖြင့် အဆိုပါ မဂ္ဂဇင်း ၏ ထုတ်ပြန်ချက် အပေါ် စိတ်ဝင်စားလျက် ရှိကြောင်း နှင့် အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ် လာသည်နှင့် တစ်ပြိုင်နက် တိကျ မှန်ကန်သည့် ရှင်းလင်းမှုများ ချက်ချင်း ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရေး နှစ်ဘက်စလုံး မှ ကြိုးပမ်း သွားကြရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဆိုင်ရာ လှုပ်ရှားမှု အဖွဲ့အစည်း နှင့် အမေရိကန် တာဝန်ရှိ သူများအကြား ပြောဆို ခဲ့ကြကြောင်း အက်ရှ်တန် ၏ ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြ ထားသည်ဟု သိရသည်။


ထို့အပြင် အမေရိကန် တာဝန်ရှိသူ များသည် အဆိုပါ သတင်းနှင့် ပတ်သက်၍ မှန်ကန်မှု ရှိ-မရှိ စစ်ဆေးလျက် ရှိပြီး ဖြစ်နိုင်ချေ ရှိမှုအား သိရသည်နှင့် တစ်ပြိုင်နက် ပြန်လည် အကြောင်းပြန် သွားမည် ဖြစ်ကြောင်း ၊ ဥရောပသမဂ္ဂ အနေဖြင့်လည်း အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်၍ ယခု လက်ရှိ အခြေအနေ ၌ အထူး မှတ်ချက်ပြု ပြောကြားစရာ မရှိကြောင်း အက်ရ်တန် က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger