www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 24, 2013

နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားရောဂါရှိသူများ ပဋိသန္ဓေတားဆေး မသုံးစွဲသင့်


ရန်ကုန် ၊ ၂၃-၇-၂၀၁၃

နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားရောဂါ ရှိသူများသည် ပဋိသန္ဓေ တားဆေး မသုံးစွဲ သင့်ကြောင်း နှင့် နှစ်ပေါင်းများစွာ စားသုံးပါက ဘေးထွက် ဆိုးကျိုးများ ရနိုင်ကြောင်း သားဆက်ခြား ဌာန မှ ဆရာဝန် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

သွေးပြန်ကြောပိတ် ရောဂါ ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ ၊ နှလုံး သွေးကြောကျဉ်း ရောဂါ ၊ သားမြတ် ကင်ဆာ ရောဂါ ၊ ဟော်မုန်း မတည့်သော အကျိတ် ကင်ဆာရောဂါ ၊ အကြောင်းမဲ့ မကြာခဏ သွေးဆင်း ရောဂါ ၊ အသည်းရောဂါ အမျိုးမျိုး ရှိသူများ နှင့် ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ များသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် လုံးဝ မသင့်ကြောင်း အဆိုပါ ဆရာဝန် က ပြောသည်။ ပဋိသန္ဓေ တားဆေးများ ကို ၅ နှစ်ဆက်တိုက် သုံးစွဲပါက သွေးတိုး ဖြစ်ပွားနှုန်း မှာလည်း သာမန်လူထက် ၃ ဆ ပိုမို ဖြစ်နိုင်ချေ ရှိသည်။ ဆေးဖြတ် လိုက်ပါကလည်း မြုံသွားခြင်း ၊ ရာသီလာစဉ် နာကျင် ကိုက်ခဲခြင်း ၊ သားမြတ် ရောင်ခြင်း နှင့် အခြား မလိုလား အပ်သည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်လာ တတ်ကြောင်း သိရသည်။


အိမ်ထောင်သည် အမျိုးသမီးများ အနေဖြင့် တားဆေး အသုံး မပြုသင့်ဘဲ မိမိ အမျိုးသားအား ကွန်ဒုံး အသုံးပြု စေသည့်နည်း ဖြင့် အိမ်ထောင်သည် ဘ၀ကို ဖြတ်သန်းသင့် ကြောင်း ၊ ကွန်ဒုံးကို အသုံးပြုခြင်းသည် ရောဂါများကို လည်း ကာကွယ် ပြီးသား ဖြစ်သောကြောင့် အိမ်ထောင်သည် ဘ၀တွင် အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger