www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 7, 2013

အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မီးရထားအား ပိုမိုမှီခို လာမည်ဟု JICA ခန့်မှန်း


ရန်ကုန် ၊ ၇-၆-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် JICA တို့ ပူးပေါင်း၍ ရန်ကုန်မြို့တော် မဟာဗျူဟာ ဖွံ့ဖြိုးမှု စီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် မေလတွင် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ ၄င်း စီမံကိန်း ၏ Master Plan တွင် ပါဝင်သော ရေပေးဝေရေး နှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကို စတင် ဆောင်ရွက် ခဲ့ပြီး ဦးစားပေး ဆောင်ရွက် ရမည့် စီမံကိန်း များကို ODA စီမံကိန်း အဖြစ် စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရေပေးဝေရေး စနစ်တွင် စီမံကိန်း အသွင်ဖြင့် ရေပေးဝေရေး ပစ္စည်းများ အဆင့်မြှင့်တင် ဖွံ့ဖြိုးရန် လုပ်ဆောင်ခြင်း ၊ အခြေခံ ဖြန့်ဖြူးရေ များအား ဖြန့်ဖြူးမည့် ဇုန်အလိုက် သင့်တင့်သည့် စီမံခန့်ခွဲမှု စနစ်များဖြင့် အကောင် အထည်ဖော် ခြင်း ၊ ထိရောက်သော ရေပေးဝေရေး စနစ် ဖြစ်စေရန် ယိုစိမ့်နေသော ရေများအား ထိန်းသိမ်း ကြီးကြပ်ခြင်း ၊ ရေအရည်အသွေး မြင့်မားစေခြင်း နှင့် သောက်သုံးရေးများ ဖြန့်ဖြူး ပေးခြင်း ၊ ရေအရင်းအမြစ် အသစ်များ ဖော်ထုတ်ခြင်း ၊ ရေဖြန့်ဖြူး ပေးမည့် စက်ရုံ အလုပ်ရုံ များကို တိုးချဲ့ခြင်း နှင့် ထိရောက်သော ရေစီးရေလာ စနစ်များကို အကောင် အထည်ဖော် ရန် အဆိုပြု ထားသည်။

သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင်လည်း လမ်းကွန်ရက်များ အဆင့်မြှင့် တင်ခြင်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း ၊ လုံခြုံ၍ သက်တောင့် သက်သာ ရှိပြီး သဘာဝ ပတ်ဝန်းကျင် အား မထိခိုက် စေမည့် သယ်ယူ ပို့ဆောင်ရေး စနစ် ၊ သင့်တင့်သော ယာဉ်ကြောများ လိုအပ်လာလျှင် စီမံခန့်ခွဲမှု ပြုလုပ်နိုင်မည့် ဖွံ့ဖြိုး တိုးတက်မှု စနစ် ၊ ရန်ကုန်မြို့ပြ၏ အများ ပြည်သူဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး စနစ်များ ဖန်တီးခြင်း ၊ ထိန်းသိမ်း စီမံခြင်း နှင့် အနာဂတ် တွင် ဖြစ်ပေါ်လာမည့် လူဦးရေ ၁၀ သန်းခန့် နှင့်အတူ များပြား လာမည့် ယာဉ်ကြော လိုအပ်ချက် များအတွက် မြို့ပင် ပတ်လမ်း ပါဝင်သော လမ်းကွန်ရက် များကို မြို့ပြ သယ်ယူ ပို့ဆောင်ရေး ၏ ကျောရိုးအဖြစ် ထားရန် အဆိုပြု ထားကြောင်း သိရသည်။


လက်ရှိ လူဦးရေ ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ဘတ်စ်ကား သယ်ယူ ပို့ဆောင်ရေး အပေါ်တွင် မှီခို နေရသော်လည်း အနာဂတ် လူဦးရေ ၏ ၃၀ ရာခိုင်နှုန်း သည် မီးရထား သယ်ယူ ပို့ဆောင်ရေး အပေါ်တွင် မှီခို လာမည့် သယ်ယူ ပို့ဆောင်ရေး မူဝါဒ ဖြစ်လာမည် ဖြစ်သည်။ လက်ရှိ လမ်းဆုံများ၌ တပ်ဆင် ထားသော မီးပွိုင့် အချက်ပြ စနစ်သည် အိုဟောင်း နွမ်းပါး နေပြီး Area Traffic Control System ( ATCS ) ကဲ့သို့ အဆင့်မြင့် အချက်ပြ စနစ်များ တပ်ဆင်ရန် အတွက်လည်း အဆိုပြု ထားသည်။ လက်ရှိတွင် လူဦးရေ ၃ ရာခိုင်နှုန်းသည် မီးရထား ပေါ်တွင် မှီခို နေရသော်လည်း အနာဂတ်တွင် ၃၀ ရာခိုင်နှုန်း သည် မီးရထား အပေါ် မှီခို လာမည်ဟု ခန့်မှန်း ထားသည်နှင့် အညီ လက်ရှိ မြို့ပတ် မီးရထား လမ်းကြောင်းများ အား အဆင့်မြှင့် တင်ခြင်း နှင့် မီးရထား လမ်းကြောင်း များကို အသစ် ထပ်မံ တည်ဆောက် ရန်လည်း အဆိုပြု ထားသည်။ ၃၅၀ ကီလိုမီတာ အရှည် ရှိသော မီးရထား လမ်းကြောင်း ၈ ခု ( လမ်းကြောင်း အသစ် ၅ ခု အပါအ၀င် ) ကို လာမည့် ၂၀၄၀ ပြည့်နှစ် အရောက်တွင် တည်ဆောက် ပြီးစီးရန် အဆိုပြု ထားကြောင်း သတင်း ထုတ်ပြန်ရေး မှတ်တမ်းများ အရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger