www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 26, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU နှင့်
တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်၂၄ ရက် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ရောက်ရှိလာရာ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV နှင့် တာဝန် ရှိသူများက ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့်တွေ့ဆုံကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေး ဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ဝန်ကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ နှင့်အတူ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား  ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ၀န်ကြီး General of the Army Sergey K. SHOIGU က
ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်း ဧည့်ခံစဉ်

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ တပ်မတော် အရာရှိကြီးများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင် ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းတို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နှင့်အတူ ဒုတိယ ဝန်ကြီး Mr.Anatoly I. ANTONOV ၊ ရုရှား တပ်မတော်မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား စက်မှုနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအား အလေးထား ဆက်ဆံမှုကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ ခေါင်းဆောင်များအား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားပြီး ဆက်လက်၍ နှစ်နိုင်ငံ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာ့ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများ အဆင်ပြေစွာ သင်ကြားနိုင်ရေး၊ ရုရှားဘာသာ စကား နှင့်ပတ်သက်၍ နည်းပြ ဆရာများ အား ဖြည့်သင်ကြား ပေးရေး၊ ရုရှား တပ်မတော်အနေဖြင့် ပထမ ဦးဆုံးသော နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အားကစား အဖွဲ့နှင့် အားကစားနည်းပြ အဖွဲ့များ စေလွှတ်နိုင်ရေး ကိစ္စရပ် များ ဆွေးနွေး ပြောကြားပြီး နှစ်နိုင်ငံ စက်မှုနှင့် စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ရုရှား တပ်မတော်အား ပိုမို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေသည့် အချိန်နှင့် တိုက်ဆိုင် နေ ပါကြောင်း၊ ထို့ကြောင့် ယခုထက် ပိုမိုမြင့်မားစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပိုမိုတိုးတက် ကြီးပွားစေရန် ဆန္ဒပြု ပါကြောင်း ဆွေးနွေး ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက် ခဲ့သည့်အတွက် သမိုင်းမှတ်တမ်း တစ်ခုဖြစ်ကြောင်း၊ ယခု မိမိခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု မြင့်မားစေရေး အတွက် ခြေလှမ်းသစ် တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်း ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်နှင့် မိမိ၏ ယခု ခရီးစဉ်ကဲ့သို့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက် လည်ပတ် ခြင်းများသည် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ရှိသော ဆက်ဆံရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက် နိုင် မည်ဖြစ်ပါကြောင်း၊ ''မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို  ကျင့်သုံးသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်'' ဟူသော မူဝါဒ ထားရှိပြီး မြန်မာနိုင်ငံ မူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြု နိုင်မည်မှာ ခိုင်မာသော အချက် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ ရေးနှင့် လုံခြုံစွာ ရှင်သန်နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက် ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်း အင်အားကြီး နိုင်ငံနှစ်ခု အကြားတွင်တည်ရှိပြီး ပထဝီ အနေအထားအရ အရှေ့တောင် အာရှနှင့် အာရှဒေသ အကြား Land bridge ကုန်းတွင်း တံတား အဖြစ်တည် ရှိနေကြောင်း၊ မိမိတို့ နိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အပေါ်တွင် စိန်ခေါ် မှုများစွာ ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိက တာဝန် ရှိသကဲ့သို့ ယင်းဒီမိုကရေစီ စိန်ခေါ်မှုကို ကျော်လွှားရန်လည်း လိုအပ်ကြောင်း၊ စိန်ခေါ်မှု ကို ကျော်လွှားနိုင်ရန် အတွက် ရုရှားနိုင်ငံမှ အတွေ့အကြုံများကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ရုရှားနိုင်ငံမှ ပေးအပ်လျက်ရှိသော အကူအညီ များနှင့် ပူးပေါင်း ဆောင်ရွက်မှု များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို များစွာ အထောက်အကူ ပြုပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်င တပ်မတော် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU က ဧည့်ခန်းဆောင်၌ ဂုဏ်ပြု နေ့လယ်စာ ဖြင့် တည်ခင်း ဧည့်ခံရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် နေ့လယ်စာကို ရင်းနှီးစွာ အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် ခေတ်ပေါ် တေးဂီတ အဖွဲ့မှ သီဆို ဖျော်ဖြေသည်။

ဂုဏ်ပြု နေ့လယ်စာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန် အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger