www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 21, 2013

ရာသက်ပန် အငှားယာဉ်များ အတွက် အက္ခရာနံပါတ် CC ထုတ်ပေးမှု ဇွန်လ နောက်ဆုံးပတ်တွင် စတင်မည်



ရန်ကုန် ၊ ၂၁-၆-၂၀၁၃

ရာသက်ပန် အငှားယာဉ် များကိုသာ ထုတ်ပေးသည့် အက္ခရာ နံပါတ် CC ထုတ်ပေးမှုကို ဇွန်လ နောက်ဆုံးပတ် တွင် စတင်မည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ( အငှားယာဉ် မှတ်ပုံတင် ဌာန ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ အက္ခရာ CC နံပါတ်ကို CC-1001 မှ CC-9999 အထိ ဂဏန်း ၄ လုံးပေါင်းခြင်း ၁၀ နှင့် ၁၃ ဂဏန်း မဖြစ်သည့် နံပါတ်များကို ထုတ်ပေးမည် ဖြစ်ကြောင်း ၊ BB အက္ခရာ နံပါတ်များ ကုန်သွားလျှင် CC အက္ခရာ များ ဆက်လက် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

" မှတ်ပုံတင် ခြင်းကို ရန်ကုန်မှာ ပြုလုပ်ပြီး တာနဲ့ နယ်မြို့ တွေအထိ ယူဆောင် သွားနိုင်ပါတယ် ၊ နယ်မှာ မလုပ်ပေး ဘူး ဆိုတာက မဟုတ်ပါဘူး ၊ ရန်ကုန်မှာ လာလုပ် ရမှာပါပဲ ၊ ထုတ်ပေးမှု ကို ဇွန်လ နောက်ဆုံး အပတ်လောက် စီစဉ် ထားပါတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

BB အက္ခရာ ၉၀၀၀ ကျော်ရှိကြောင်း ၊ ရာသက်ပန် အငှားယာဉ် နံပါတ် များကို တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ၇၀ ခန့် ပြုလုပ် ပေးနေကြောင်း နှင့် CC အက္ခရာ နံပါတ် ထုတ်ပေးမှု နှင့် ပတ်သက်၍ အပြင်တွင် ထုတ်ပေးနေမှု သတင်းများ မှာ မဟုတ်မှန်ကြောင်း ရှင်းပြသည်။

ရာသက်ပန် အငှားယာဉ် များ ကနဦး မှတ်ပုံတင် ထုတ်ပေးမှု ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီး မြင်သာရုံး ( ကညန ) တွင် ဆောင်ရွက် ပေးလျက် ရှိကြောင်း ၊ AA , BB အက္ခရာများ ထုတ်ပေးမှု အပြီး CC အက္ခရာ များကို ဆက်လက် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger